Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့နယ်မှာ စစ်တပ်ရဲ့ အသေခံဒရုန်းကြောင့် အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ထိုင်းဘက်ခြမ်း ကျရောက်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ကာမီကာဇေဒရုန်းတစ်စီးကို တွေ့ရစဉ်(ပုံဟောင်း)။ ဓာတ်ပုံ - AEC)

စက်တင်ဘာ-၃၊ ၂၀၂၆။ ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထမ္မကြီးရွာက ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူအပါအဝင် ပြည်သူ ၁၂ဦး သတ်ဖြတ်ခံရပြီးနောက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ မနေ့က ယာကြီးကုန်းရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ညပိုင်းမှာ ကာမီကာဇေအသေခံဒရုန်းတွေနဲ့ ဗုံးတွေ လိုက်ကြဲခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂ရက် မနေ့က ည၉နာရီမှာ အဲဒီစစ်ကြောင်းက ဆည်တိုအုပ်စု၊ ဆည်ကွဲကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဦးချစ်ကို သေဆုံးပြီး ဇနီးဖြစ်သူဒေါ်ဝိုင်း ထိမှန်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“လင်မယားနှစ်ယောက်က သူတို့ အိမ်ထဲမှာ နေတာ ဒရုန်းက အိမ်ရှေ့မန်ကျီးပင်ပေါ်ကျတာ။ ပေါက်ကွဲတော့ ဗုံးစတွေက သွပ်ပြားတွေပေါက်ပြီး အိမ်ထဲက လူတွေထိတာ။ ဦးချစ်ကိုက ဆေးကုရင်း ပြင်းထန်ဒဏ်ရာနဲ့ ဆုံးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့ မနက်၄နာရီခွဲမှာ ဩဇာခြံကျေးရွာကို ဝင်ခဲ့ပြီး လက်ရှိ ဂွေးညိုဝင်းရွာကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၃၁ရက်က ထမ္မကြီးရွာရဲ့ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး စိုးလင်းထိုက်အပါအဝင် ပျူအဖွဲ့ဝင်ဆိုသူ ဒေသခံ ၁၂ဦး သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို ပတ်သွားပြီး ဒရုန်းနဲ့ဗုံးတွေကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦးဒဏ်ရာရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ သံချက်ကာယာဉ်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖြစ်တယ်လို့ စစ်လက်နက်ပစ္စည်း လေ့လာအသိပေးလျက်ရှိတဲ့ Tactical Raptor က ဖော်ပြခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်က စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ တိုက်ပွဲနဲ့အလှမ်းဝေးတဲ့ ပေါက်တောမြို့နယ်အတွင်းက အရပ်သားလူနေကျေးရွာတွေဖြစ်တဲ့ သဝင်ချောင်း၊ အ၀ကန်ကျေးရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူထိခိုက်မှုရှိ၊ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်တွေ ပျက်စီး