Connect with us

Hi, what are you looking for?

သတင်း

ရေကြီးနေတဲ့ ရေကြည်မြို့မှာ မိချောင်းတွေ့လို့ ‌ဖမ်းဆီးဖို့ ကြိုးပမ်းနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးပြီး ရေကြီးနစ်မြုပ်မှုကြုံတွေ့နေတဲ့ ရေကြည်မြို့မှာ မိချောင်းတစ်ကောင် တွေ့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ဖမ်းဆီးနိုင်ရေးကြိုးပမ်းနေတယ်လို့ သိရပါတယ်။

(ရေကြည်မြို့ သရက်ပင်လှရွာမှာ မိချောင်းတွေ့တယ်ဆိုပြီး ရှာဖွေနေကြစဉ်။ ဓာတ်ပုံ − Screengrab)

စက်တင်ဘာ−၃၊၂၀၂၆။ဇော်ရမ်း/ People’s Spring

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးပြီး ရေကြီးနစ်မြုပ်မှုကြုံတွေ့နေတဲ့ ရေကြည်မြို့မှာ မိချောင်းတစ်ကောင် တွေ့ရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ဖမ်းဆီးနိုင်ရေးကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ရေကြည်မြို့၊ သရက်ပင်လှရွာမှာ ဒီနေ့ စက်တင်ဘာ ၃ရက် ည၇နာရီခန့်က အရှည် ၁၀ ပေခန့်ရှိတဲ့ မ်ိချောင်းတစ်ကောင်ကို ဒေသခံတွေက တွေ့လိုက်တာကြောင့် နေအိမ်တွေမှာ မနေရဲတော့ပဲ နေရာရွှေ့ပြောင်းနေကြတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

” ဘယ်ကရောက်လာတဲ့ မိကျောင်းလဲမသိဘူး။ မွေးထားတာတွေ လွတ်တာလို့ထင်တယ်။ မြစ်ထဲကနေဝင်လာတာဆိုပြီးလည်း သတင်းတွေထွက်နေတယ်။ အခု ပိုက်တွေနဲ့ ဖမ်းဖို့ လုပ်နေကြတယ်။ ကင်းစောင့်နေကြတယ်”လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေဘေးကယ်ဆယ်ရေး အရပ်ဖက်အဖွဲ့ဝင်အချို့ကလည်း သရက်ပင်လှကျေးရွာမှာ မိကျောင်းတွေ့တယ်လို့သတင်းရတဲ့အတွက် အဲဒီကျေးရွာကိုသွားရောက်နေကြတယ်လို့ လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။

လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီး နေပါတယ်။ ရေဘေးကြောင့် သေဆုံးသူဦးရေလည်း ၁၅ဦးထက်မနည်းရှိလာပြီဖြစ်ပါတယ်။ ရေဘေးကာလ တစ်လကျော်လာတဲ့အထိ တာကျိုးပေါက်ကို မပိတ်နိုင်သေးပါဘူး။

ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့မှာ ရေစကြီးတဲ့ ဩဂုတ်ပထမလပတ်ကလည်း ဒေသတွင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦး မွေးထားတဲ့မိကျောင်းတစ်ကောင်လွတ်မြောက်သွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

ဧရာဝတီတိုင်းမှာ ပင်လယ်နဲ့ဆက်စပ်နေတဲ့ ဘိုကလေးမြို့နယ်က မိန်းမလှကျွန်း ဘေးမဲ့တောဝန်းကျင်မှာ ရေငန်မိကျောင်းတွေ ကျက်စားကြပါတယ်။ ရေကြည်မြို့အပါအဝင် ရေကာတာကျိုးလို့ လက်ရှိရေကြီးနေတဲ့မြို့နယ်တွေဟာ ဘိုကလေးမြို့နဲ့ မိုင် ၇၀ကနေ ၁၀၀ကြား ဝေးသလို ရေချိုဒေသလည်းဖြစ်လို့ ရေငန်မိကျောင်းတွေရောက်လာနိုင်ခြေမရှိဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရေကြည်မြို့ခံတွေကြားမှာတော့ မိကျောင်းဟာ တာကျိုးပေါက်ကနေ ဝင်လာတာလို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်စပ်ဒေသမှာ လူပေါင်းထောင်ချီ သေကြေ ပျောက်ဆုံးခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအပြီး နီပေါ အစိုးရဟာ နိုင်ငံကြီး သုံးခုဆီကနေ နစ်နာကြေး တောင်းဆိုဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီး ရေဘေးနဲ့မြေပြိုမှုဘေး ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

တောင်ပေါ် ရေကြီးမှု ဖြစ်ရပ်ဆိုးကြီးမှာ ပျောက်ဆုံးနေသူ နီပေါနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေဟာ ရုပ်အလောင်းတွေ မရှိတဲ့ နာရေး အစီအစဉ်တွေကို လုပ်ဆောင်နေရပါတယ်။