Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနယ်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့အရပ်သားလေးဦးသေဆုံး

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

အိုင်ကြီးရွာနဲ့ပေါက်တောရွာ တည်နေရာပြမြေပုံ။ ဓာတ်ပုံ - Open Street Map

စက်တင်ဘာ – ၆ ၊၂၀၂၆/People’s Spring

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

အဲဒီရွာတွေဟာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းအစပ်မှာတည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်း စက်တင်ဘာလ ၄ ရက် ၊မနက်ပိုင်း ၁၁ နာရီဝန်းကျင် မှာ စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတာပါ။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသားနှစ်ဦး၊အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သလ်ို နေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့စက်တပ်လေထီးတွေဟာ မန္တလေး တိုင်း၊ညောင်ဦးလေဆိပ်ကနေ တက်လာတာလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ယူဆကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့စာရင်းအရပြီးခဲ့တဲ့သြဂုတ်လတစ်လအတွင်းမှာတင်နိုင်ငံတဝှမ်းမှာအာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာအကြိမ်ရေ ၅၀၀ ကျော်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ကတော့အရပ်ဘက်ပစ်မှတ်တွေကိုတိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ကလေးငယ် ၃ဦးဒဏ်ရာရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်က စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ တိုက်ပွဲနဲ့အလှမ်းဝေးတဲ့ ပေါက်တောမြို့နယ်အတွင်းက အရပ်သားလူနေကျေးရွာတွေဖြစ်တဲ့ သဝင်ချောင်း၊ အ၀ကန်ကျေးရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးကြဲတာကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဆောင်းပါး

အောက်တိုဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီကျော်က ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမြောက်ပိုင်းက ကပ်ရပ် အိမ်ကလေး ၂ လုံးအနက် တစ်လုံးမှာ လင်ယောကျာ်းသေဆုံးသွားပြီဖြစ်တဲ့ မစိုး(အမည်လွှဲ)နဲ့ သူ့ရဲ့သမီး ၃ ယောက်ရယ်၊ နောက်တစ်အိမ်မှာတော့ မအေးမာနဲ့ သမီး ၃ ယောက်ရယ် ရှိနေကြတယ်။...