စက်တင်ဘာ ၁၃၊၂၀၂၆။ ရောင်နီ/People’s Spring
ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ၁၄ နှစ်အရွယ်ကလေးတစ်ဦး ရေမြောင်းထဲ ဘောလုံးဆင်းကောက်ရင်း မြောပါ သေဆုံးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၂ ညနေ ၅ နာရီလောက်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေရပ်ကွက် မှာရှိတဲ့ ရေမြောင်းထဲမှာ ဘောလုံးဆင်းကောက်ရင်း မြောပါသွားခဲ့တာ ဖြစ်ပြီး ည ၇ နာရီခွဲလောက်မှာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တာလို့ အဖြူရောင်ကမ်းလက် လူမှုကူညီရေးအသင်း က အသိပေးထားပါတယ်။
သေဆုံးသူကို သပြေကုန်းရပ်ကွက် လူမှုကူညီရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ရန်ကုန်မြို့မှာ ဒီရက်ပိုင်း မိုးဆက်နေတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်နေပြီး ကလေးတွေကို မိုးရေထဲထွက်မဆော့ဖို့ တိုက်တွန်းထားကြပါတယ်။
ပြီးခဲ့တဲ့ ရက်ကလည်း တာမွေမြို့နယ်မှာ ကလေးတစ်ဦး ရေမြောင်းထဲမျောပါသွားတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ခဲ့ပေမယ့် မတွေ့ခဲ့ဖူးလို့ ဒေသခံတွေကပြောပါတယ်။


















































