Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - AP

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ အစိုးရ မီဒီယာရဲ့ ဖော်ပြချက်အရ အဲဒီ လက်တွေ့ စမ်းသပ် ပစ်ခတ်မှုတွေမှာ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ဒုံးကျည်တွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စမ်းသပ်မှုကိုတော့ စက်တင်ဘာ ၁၂ ရက်နေ့တုန်းက လုပ်ဆောင်ခဲ့တာလို့ KCNA သတင်းဌာနက ဆိုပါတယ်။

ကိုရီးယားစစ်တပ်ရဲ့ ကွဲပြားတဲ့ အစုအဖွဲ့ပေါင်းစုံက ယူနစ်တွေ ပူးပေါင်းပြီး အဲဒီလေ့ကျင့်မှုမှာ ပါဝင်ခဲ့ကြောင်းလည်း KCNAရဲ့ သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့တုန်းကတော့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက မြောက်ကိုရီးယားဟာ ဝိုဆန်ဒေသ တဝိုက်ကနေ အရှေ့ပင်လယ်လို့ခေါ်တဲ့ ဂျပန်ပင်လယ်ဖက်ဆီ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာ ထောက်လှမ်းတွေ့ရှိကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းတဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုတွေအပြီး တစ်ရက်အကြာမှာပဲ မြောက်ကိုရီးယားကလည်း အခုလို လက်နက် စမ်းသပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

KCNAရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ရေးလေ့ကျင့်မှုကို ဘယ်မှာ လုပ်ဆောင်ခဲ့သလဲ ဆိုတာကို တိတိကျကျ ထည့်ပြောမထားပါဘူး။ အဲဒီ လေ့ကျင့်မှုမှာ တိုက်ခိုက်ရေးဒရုန်း အမျိုးမျိုး၊ ခရုစ်ဒုံးကျည်တွေ၊ အကြီးစား အတွဲလိုက်ပစ် ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ KCNAက ဖော်ပြခဲ့ပါတယ်။

စမ်းသပ်မှု ရလဒ်အရ ပစ်မှတ်တွေကို ၁၀၀ ရာခိုင်နှုန်း တိတိကျကျ ထိမှန်ပြီး ကြီးမားတဲ့ ထိခိုက်ဖျက်ဆီးမှု စွမ်းအားကို အတည်ပြု တွေ့မြင်နိုင်ခဲ့တယ်လို့လည်း KCNAက ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်မှုကို ဦးစားပေး ချဲ့ထွင်တည်ဆောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သမားရိုးကျ စစ်လက်နက်တွေနဲ့ လက်နက်ကြီး နည်းပညာတွေကိုလည်း ပိုမို အာရုံစိုက် မြှင့်တင်လာခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ မြောက်ကိုရီးယားကိုကားလမ်းတိုက်ရိုက်ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။