Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ကြဖို့ ရုရှားနဲ့ ယူကရိန်း သဘောတူခဲ့ကြောင်း ထရမ့်ပြော

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံကြား ရေနံချက် စက်ရုံတွေ၊ ရေနံသိုလှောင်ရုံတွေကို အပြန်အလှန် ပစ်မှတ်ထား ဖျက်ဆီးနေတာဟာ လက်ရှိ ကမ္ဘာ့လောင်စာဆီ စျေးတွေ မြင့်တက်နေမှုကို ပိုမို ဆိုးရွားသွားစေနိုင်တယ် ဆိုတာကို စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံစလုံးက လက်ခံခဲ့ကြောင်း ထရမ့်က စက်တင်ဘာ ၁၄ ရက်နေ့မှာ ပြောဆိုသွားတာပါ။ အစောပိုင်းမှာ သူက ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အနေနဲ့ ရုရှားရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်သင့်ကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှာ ထရမ့်က ယူကရိန်းဟာ ရုရှားရဲ့ စွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကို မတိုက်ဖို့ သဘောတူခဲ့ကြောင်း၊ ရုရှားကလည်း အလားတူ သဘောတူခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာပေါ် ရေးသားထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန်မှာ ဒီဇယ်ဆီ တစ်ဂါလံ စျေးဟာ ပထမဆုံး အကြိမ်အဖြစ် ၆ ဒေါ်လာ အထက်ထိ မြင့်တက်သွားခဲ့ပါတယ်။ အီရန်စစ်ပွဲကြောင့် နိုင်ငံတကာ လောင်စာစျေးတွေ မြင့်တက်နေချိန်မှာ ရုရှားရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေက ပြတ်လပ်မှုတွေကို ပိုဆိုးသွားစေကြောင်း ထရမ့်က မကြာခဏ ဝေဖန်ခဲ့ဖူးပါတယ်။

အမေရိကန်မှာ ဒီဇယ်စျေးတွေ တက်တဲ့ကိစ္စက အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် မဟုတ်ဘဲ ရုရှားနဲ့ ယူကရိန်းတို့ကြား ဖြစ်ပျက်နေတာတွေကြောင့်လို့ ထရမ့်က ပြောကြားဖူးပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရော၊ ယူကရိန်းကပါ အခုအခါ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် မတိုက်ခိုက်ကြဖို့ ကတိပေးထားပြီလို့ ထရမ့်က အခိုင်အမာ ပြောပေမယ့် ယူကရိန်း သမ္မတ ဇီလန်စကီးကတော့ ဒါဟာ သဘောတူညီချက် တစ်ခုဆိုတာထက် အပြန်အလှန် လိုက်နာရမယ့် ကမ်းလှမ်းချက် တစ်ခုလို့သာ သတ်မှတ်သင့်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ယူကရိန်းနဲ့ ရုရှားကြားက အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေအပေါ် အပြန်အလှန် တိုက်ခိုက်မှုကို ရပ်တန့်ကြဖို့ အမေရိကန် အစိုးရက အလေးအနက် ကမ်းလှမ်းခဲ့ကြောင်း၊ အဲဒီ ကမ်းလှမ်းမှုဟာ ရုရှားက ယူကရိန်း အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားနေတဲ့ ကိစ္စတွေ ရပ်တန့်သွားစေဖို့ အရေးပါတဲ့ ကနဦး ခြေလှမ်း ဖြစ်လာမယ်ဆိုရင် ယူကရိန်းကလည်း လိုက်နာကျင့်သုံးဖို့ အသင့်ရှိနေကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ နိုင်ငံခြားငွေ စီးဝင်မှု အဓိက လမ်းကြောင်း တစ်ခုဖြစ်တဲ့ လောင်စာဆီ ထုတ်လုပ်မှု လုပ်ငန်းတွေကို တိုက်ခိုက်တာဟာ ယူကရိန်းရဲ့ မဟာဗျူဟာမြောက် စစ်ရေး အခင်းအကျင်း တစ်ခုပါ။ ၂၀၂၂ မှာ ရုရှားက ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့နောက် ယူကရိန်းဟာ ရုရှားပိုင်နက်ထဲက စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြိမ်ပေါင်း ၃၀၀ ထက်မနည်း တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ ရုရှားကလည်း ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို အကြိမ်ကြိမ် ပစ်မှတ်ထား တုံ့ပြန် ဖျက်ဆီးခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။

Facebook