Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရဲ့ ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေစတင်အသက်ဝင်

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Bangkok Post

စက်တင်ဘာ – ၁၅ ၊၂၀၂၆

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

ပြောင်းလဲ သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၆၀ ရဲ့ နိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၆၀ ကြာ နေထိုင်ခွင့် ပေးထားရာကနေ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး ရက် ၃၀ ထိ လျှော့ချသွားမှာ ဖြစ်ပါတယ်။

နောက်ပြီး နယ်စပ်ဂိတ်တွေကနေ ဖြတ်သန်း ဝင်ရောက်တဲ့ နိုင်ငံခြားသားတွေကို ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း နှစ်ကြိမ်ထက်ပိုပြီး ဝင်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ခြွင်းချက်အနေနဲ့ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူ နိုင်ငံသားတွေကိုတော့ တစ်နှစ်ကို နှစ်ကြိမ်ပဲ ကုန်းလမ်းကနေ ဝင်ရောက်ခွင့်ပြုမယ်ဆိုတဲ့ ကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့် ပေးထားပါတယ်။

လေကြောင်းကနေဝင်ရောက်မယ့်ခရီးသွားတွေကိုတော့တစ်နှစ်ကိုနှစ်ကြိမ်ပဲဝင်ရောက်ခွင့်ပြုမယ့်ကန့်သတ်ချက်မျိုး မထားပေမယ့် အကြိမ်ကြိမ် အဝင်အထွက်လုပ်နေတာမျိုးဆိုရင်တော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။

လတ်တလောထိုင်းမှာနေထိုင်နေတဲ့ နိုင်ငံခြားသားတွေကတော့ပတ်စ်ပို့တ်မှာတံဆိပ်တုံးထုပေးထားတဲ့ ဗီဇာကင်းလွတ် သတ်မှတ်ကာလအထိ ဘာပြဿနာမှ မရှိဘဲ ဆက်ပြီး နေခွင့်ရမယ်လို့ ဆိုပါတယ်။

TDACလို့ခေါ်တဲ့တရားဝင်ဆိုက်ရောက်ဒစ်ဂျစ်တယ်ကတ်ကတော့ ကုန်းလမ်းကနေဝင်ရောက်သူတွေအပါအဝင် ထိုင်းကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေအတွက် ဆက်လက် လိုအပ်နေမယ်လို့လည်း သိရပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...

Facebook