Connect with us

Hi, what are you looking for?

သတင်း

ဝါရီဆူးပလိုင်ရွာတိုက်ပွဲ KNA ရဲဘော် ၂ဦး ကျဆုံး

ရှမ်း-ကရင်နီပြည်ဒေသအစပ်က ဝါရီဆူးပလိုင်ရွာ တိုက်ပွဲမှာ ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) တာ၀န်ရှိသူက လူထုနွေဦးကို ‌ပြောပါတယ်။

စက်တင်ဘာ -၁၆၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်း-ကရင်နီပြည်ဒေသအစပ်က ဝါရီဆူးပလိုင်ရွာ တိုက်ပွဲမှာ ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) တာ၀န်ရှိသူက လူထုနွေဦးကို ‌ပြောပါတယ်။

ဝါရီဆူးပလိုင်ရွာ အနီး၀န်းကျင်မှာရှိတဲ့ KNAရဲ့ ကာကင်းစခန်းကို ဒရုန်း၊လက်နက်ကြီး နဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၄ ရက်က တိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော် ၂ဦးဟာ အမှတ် (၂၁၀၈)တပ်ရင်းက ရဲဘော်ခွန်းလုကာပန်း နဲ့ရဲဘော် ခွန်းမာနွေးလယ်တို့ ဖြစ်တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်ကောင်စီကန ဒီကနေ့ လူထုရဲ့ ရပ်ရွာတွေ ပျက်စီးအောင်ရော နောက် တော်လှန်ရေး အင်အားစုတွေကိုရော ချေမှုန်းဖို့အတွက် သူတို့က လက်နက်ကြီး၊ လေယာဉ်ကို အလွန်အကျွံ အသုံးပြုတာရှိတယ်။ အဲ လက်နက်ကြီး၊ လေယာဉ် အလွန်အကျွံအသုံးပြုပြီးတော့မှ ချီတက်နေတာ ဖြစ်တော့ လူထု ထိခိုက်နာကျင်မှု အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ကလည်း လူထုကို အကာအကွယ်ပေးတဲ့ လုပ်ငန်းတွေနဲ့ ကာကင်းတွေဆောင်ရွက်နေရတာဖြစ်တယ်”လို့ KNA တာ၀န်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်ကစပြီး ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့ကနေ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦး ကို ပြောထားပါတယ်။

မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က အင်အား ၁၅၀ နဲ့ ၂၀၀ နီးပါး နဲ့ စစ်တပ်က လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူများတာကြောင့် ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ၁၀ ဂဏန်းထက်မနည်းရှိပြီး ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

"ဝါရီဆူးပလိုင်က ကျေးရွာကြီးအဆင့် ။ဒေသခံအများစုကတော့ စစ်ဘေးရှောင်နေရတာ။အ ကြမ်းဖက်စစ်ကောင်စီက တပ်စွဲထားတာ ဒီနှစ်ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက"ဟု မိုးဗြဲမြို့ခံတစ်ဦးက People's Springသို့ ပြောသည်။

News

တိုက်ပွဲမှာ နံနက် ၆ နာရီက စတင်ခဲ့ပြီး ၂ နာရီခန့် ကြာမြင့်ကာ စစ်ကောင်စီတပ်သားများသေဆုံးမှု ရှိသော်လည်း မြေပြင်အခြေနေကြောင့် အရေတွက်ကို အတည်မပြုနိုင်သေးပေ။