ကရင်နီပြည်(ရှမ်း-ကရင်နီဒေသကြား)ရှိ မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖယ်ခုံဇုန်က ထုတ်ပြန် သည်။
ယနေ့(ဧပြီ ၂၀ ရက်) နံနက် ၆နာရီခန့်က ဝါရီဆူးပလိုင်ရွာတွင် တပ်စွဲနေသော စစ်တပ်ကို KNDF တပ်ရင်း(၃) ၊ တပ်ရင်း (၁၁)နှင့် ဖယ်ခုံ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ နံနက် ၆ နာရီက စတင်ခဲ့ပြီး ၂ နာရီခန့် ကြာမြင့်ကာ စစ်ကောင်စီတပ်သားများသေဆုံးမှု ရှိသော်လည်း မြေပြင်အခြေနေကြောင့် အရေတွက်ကို အတည်မပြုနိုင်သေးပေ။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ဒဏ် ရာရရှိသော ရဲဘော်များလည်း ရှိကြောင်း KNDF က အသိပေးသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဖယ်ခုံမြို့ စကခ-၇ နှင့် လွိုင်ကော်မြို့တွင်ရှိသော အမြောက်တပ်မှ လက်နက်ကြီးပစ်ကူများကြောင့် ပြည်သူ့အိုးအိမ်အချို့ထိမှန်ပျက်စီးခဲ့သည်။

Public Service Announcement
ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများကို ကယ်ဆယ်ရေးအဖွဲ့မှ စုံစမ်းနေဆဲဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြ သည်။
