Connect with us

Hi, what are you looking for?

News

မိုးဗြဲနယ် ဝါရီဆူးပလိုင်ရွာတိုက်ပွဲ စစ်ကောင်စီတပ်သားများသေဆုံးမှုရှိဟု KNDF ​​​ပြော

တိုက်ပွဲမှာ နံနက် ၆ နာရီက စတင်ခဲ့ပြီး ၂ နာရီခန့် ကြာမြင့်ကာ စစ်ကောင်စီတပ်သားများသေဆုံးမှု ရှိသော်လည်း မြေပြင်အခြေနေကြောင့် အရေတွက်ကို အတည်မပြုနိုင်သေးပေ။

(စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ထိမှန်ခဲ့သော ပြည်သူ့နေအိမ်များအား ​တွေ့ရစဥ်)

ကရင်နီပြည်(ရှမ်း-ကရင်နီဒေသကြား)ရှိ မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်​ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖယ်ခုံဇုန်က ထုတ်ပြန် သည်။

ယနေ့(ဧပြီ ၂၀ ရက်) နံနက် ၆နာရီခန့်က ဝါရီဆူးပလိုင်ရွာတွင် တပ်စွဲနေသော စစ်တပ်ကို KNDF တပ်ရင်း(၃) ၊ တပ်ရင်း (၁၁)နှင့် ဖယ်ခုံ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ထိမှန်ခဲ့သော ပြည်သူ့နေအိမ်များအား ​တွေ့ရစဥ်)

တိုက်ပွဲမှာ နံနက် ၆ နာရီက စတင်ခဲ့ပြီး ၂ နာရီခန့် ကြာမြင့်ကာ စစ်ကောင်စီတပ်သားများသေဆုံးမှု ရှိသော်လည်း မြေပြင်အခြေနေကြောင့် အရေတွက်ကို အတည်မပြုနိုင်သေးပေ။

Public Service Announcement

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ဒဏ် ရာရရှိသော ရဲဘော်များလည်း ရှိကြောင်း KNDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ထိမှန်ခဲ့သော ပြည်သူ့နေအိမ်များအား ​တွေ့ရစဥ်)

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဖယ်ခုံမြို့ စကခ-၇ နှင့် လွိုင်ကော်မြို့တွင်ရှိသော အမြောက်တပ်မှ လက်နက်ကြီးပစ်ကူများကြောင့် ပြည်သူ့အိုးအိမ်အချို့ထိမှန်ပျက်စီးခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများကို ကယ်ဆယ်ရေးအဖွဲ့မှ စုံစမ်းနေဆဲဖြစ်ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။