Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့နယ်ရှိ ဝါရီဆူးပလိုင်ရွာအား စစ်ဇုန်အဖြစ်သတ်မှတ်လိုက်ကြောင်း မိုးဗြဲ PDF ထုတ်ပြန်

“ဝါရီဆူးပလိုင်က ကျေးရွာကြီးအဆင့် ။ဒေသခံအများစုကတော့ စစ်ဘေးရှောင်နေရတာ။အ ကြမ်းဖက်စစ်ကောင်စီက တပ်စွဲထားတာ ဒီနှစ်ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက”ဟု မိုးဗြဲမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

(ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော ဝါရီဆူးပလိုင်ကျေးရွာဖြစ်သည်။ဓာတ်ပုံ - လွိုင်ကော်PDF)
(ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော ဝါရီဆူးပလိုင်ကျေးရွာဖြစ်သည်။ဓာတ်ပုံ - လွိုင်ကော်PDF)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ်ရှိ မိုးဗြဲမြို့နယ်ရှိ ဝါရီဆူးပလိုင်ကျေးရွာအား စစ်ဇုန်အဖြစ်သတ်မှတ်လိုက်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့(ဇွန် ၂၈ရက်)တွင် ထုတ်ပြန်သည်။

စစ်ဇုန်အဖြစ်သတ်မှတ်ရသည့်အကြောင်းရင်းမှာ အကြမ်းဖက်စစ်ကောင်စီသည် အများပြည်သူလယ်ယာများ(ဧကစုစုပေါင်း ၁၀၀၀ ကျော်ခန့်)စိုက်ပျိုးခြင်းမပြုနိုင်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိတပ်စွဲ နေထိုင်လျက်ရှိသောကြောင့်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီမှ ကာလရှည်စွာတပ်စွဲထားသည့် မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာသည် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) ၊KNDF BO – 3 နှင့် အခြားသောမဟာမိတ်တပ်ဖွဲ့များမှ အစဉ်တစေ့စောင့်ကြည့်လျက်ရှိသော ကျေးရွာတစ်ရွာဖြစ်နေသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် MBPDF၊ KNDFနှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ ၎င်းကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီအား နည်းပေါင်းစုံဖြင့် ရိက္ခာဖြတ်တောက်နိုင်စေရန်အား လျှို့ဝှက်စွာ သဘောတူဆုံးဖြတ်ထားပြီးသားကိစ္စလည်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Mission အောင်မြင်ရန် လျှို့ဝှက်သောနည်းလမ်းများဖြင့် အများပြည်သူများ သွားလာခြင်းများမပြုလုပ်ကြဖို့ အသိပေးခဲ့သော်လည်း ဆက်လက်သွားလာနေသည့်အတွက်ကြောင့် ထုတ်ပြန်ရခြင်းဟု MBPDFက သတိပေးသည်။

ထို့ကြောင့် ယနေ့မှစ၍ မည်သည့်ပြည်သူ၊ မည်သည့်အဖွဲ့အစည်းမှ ဝါရီဆူးပလိုင်ကျေးရွာအား သွားလာခြင်းများ မပြုလုပ်ကြရန်လည်း တိုက်တွန်းသည်။

“ဝါရီဆူးပလိုင်က ကျေးရွာကြီးအဆင့် ။ဒေသခံအများစုကတော့ စစ်ဘေးရှောင်နေရတာ။အ ကြမ်းဖက်စစ်ကောင်စီက တပ်စွဲထားတာ ဒီနှစ်ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက”ဟု မိုးဗြဲမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

အကြိမ်ကြိမ်သတိပေးသည့်ကြားမှ လိုက်နာခြင်းမရှိဘဲ သွားလာခြင်းများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။