Connect with us

Hi, what are you looking for?

သတင်း

PDF ဇိုလဲန်းတပ်ဖွဲ့ထံက ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ထက်ဝက်ခန့် လွတ်မြောက်၊ ၂၀ ဦးခန့် ပြန်ဖမ်းမိ

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

(ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းမိထားစဉ်။ ဓာတ်ပုံ - ဖမ်းမိထားသောစစ်သုံ့ပန်းဖိုင်)

စက်တင်ဘာ ၁၆၊၂၀၂၆။။ထားမြတ်/People’s Spring

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ရဲ့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်း ၈၀ ဦးလောက်ဟာ စက်တင်ဘာ ၁၃ရက် က အစောင့်ရဲဘော်တွေကို အလစ်အငိုက်တိုက်ခိုက်ပြီး ထွက်ပြေးသွားတာပါ။

ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေ ပြန်လည်ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း PDF ဇိုလဲန်း တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၄ရက်မှာ ပြောပြပါတယ်။ သတင်းတွေထွက်သွားပါက စစ်ကောင်စီတပ်က သူ့လူတွေ လာကယ်ဖို့ သတင်းပေးသလို ဖြစ်လို့ အခြေအနေတွေ အသေးစိတ် ပြောပြဖို့ အခက်အခဲရှိကြောင်းလည်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို စစ်သုံ့ပန်းတွေ ပြန်ဖမ်းနိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ စက်တင်ဘာ ၁၅ရက်မှာ အရာရှိ အပါအဝင် စစ်သုံ့ပန်း ၃၀ကျော် တီးတိန်မြို့ရှိ စစ်တပ်ထံ ပြန်ပူးပေါင်းနိုင်ပြီဆိုတဲ့ ပြောဆိုချက် တွေရှိသလို ထွက်ပြေးတဲ့ သုံ့ပန်း ၂၀ဦးလောက်ကိုလည်း ပြန်ဖမ်းမိတာရှိတယ်လို့ ပြောကြားချက်တွေရှိပါတယ်။

“ကနေဒီတောင်တိုက်ပွဲတို့ ဖလမ်းတိုက်ပွဲတို့မှာ မိတဲ့ သုံပန်းတွေ များမယ့်ပုံပဲ။ခလရ(၂၆၉)တပ်ရင်းထဲကို တချို့တဝက် ပြန်ဝင်သွားတာကတော့ မှန်ပါတယ်။ အယောက် ၃၀ ကနေ ၄၀ လောက် မနေ့က ရောက်သွားတယ်လို့ သိရတယ်။ PDF ဇိုလဲန်းက ပြန်ဖမ်းမိထားတဲ့ဟာ အယောက် ၂၀ ဝန်းကျင်ရှိတယ်လို့တော့ ကြားမိတယ်” လို့ ချင်းသတင်းရင်းမြစ်က ပြောပြပါတယ်။

စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းညီနောင် တာဝန်ရှိသူ အချို့နဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ တာဝန်ရှိသူအချို့ထံ ဆက်လက်ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

PDF ဇိုလဲန်းဟာ တီးတိန်မြို့နယ် ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲထားသလို ဖလမ်းမြို့သိမ်း တိုက်ပွဲကိုလည်း ချင်းညီနောင်အဖွဲ့ဝင် မဟာမိတ်တွေနဲ့အတူ ဆင်နွှဲခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ဒါ့အပြင် ချင်းမြောက်ပိုင်း စစ်တပ်ထိုးစစ်ကိုလည်း ချင်းတော်လှန်ရေးတပ်တွေနဲ့ အတူ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ဖမ်းမိ စစ်မှုထမ်းတပ်သားသစ်တွေမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်

မေးမြန်းခန်း

KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ မေးမြန်းခန်း