စက်တင်ဘာ – ၁၆ ၊၂၀၂၆
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။
မနက်ပိုင်း ၇နာရီဝန်းကျင်က၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ သင်္ဂဇာချောင်းဘေးမှာမှောက်ခုံသေဆုံးနေတဲ့ အမျိုးသမီး အလောင်းကိုတွေ့ခဲ့တာပါ။
သေဆုံးသူအမျိုးသမီးဟာ အသက် ၃၀ ကျော်အရွယ်ခန့်ရှိပြီဖြစ်ပြီး ပြင်ပထိခိုက်ဒဏ်ရာ မတွေ့ရဘူးလို့ လူမှုကူညီရေးလုပ်ကိုင်သူဆီကသိရပါတယ်။

Public Service Announcement
မနေ့ (စက်တင်ဘာ ၁၅ ရက်)ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁ (အေ)လမ်း၊ ၆၈(အေ)လမ်းနဲ့ ၆၈(ဘီ) လမ်းကြားက နေအိမ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့အလောင်းတွေတွေ့ထားပါတယ်။
အခုလဆန်း စက်တင်ဘာလ ၁ ရက်ကလည်း ၈၅ လမ်းနဲ့ ၈၆ လမ်းကြား ကန်တော်ကြီးမီးပွိုင့်အနီးရှိ ရွှေတချောင်းမှာ ဦးခေါင်းဒဏ်ရာတွေရပြီး သေဆုံးနေတဲ့ အမျိုးသားအလောင်း ကိုစွန့်ပစ်ထားတဲ့ဖြစ်စဉ်ဖြစ်ထားပါတယ်။


















































