Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ စားအုန်းဆီဈေး သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

(ရန်ကုန်မြို့မှာ စားအုန်းဆီဝယ်ယူဖို့ စီတန်းနေသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - RFA)

စက်တင်ဘာ-၁၅၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

စားအုန်းဆီကို စစ်တပ်က သတ်မှတ်ထားတဲ့ဆိုင်တွေမှာ တစ်ပိဿာ ၇၆၅၀ ကျပ်နဲ့ ရောင်းချပေမယ့် ဈေးကွက်ထဲမှာတော့ စားအုန်းဆီဈေးဟာ တစ်ပိဿာ ကျပ် ၁၈၀၀၀ အထိ ဈေးပေါက်နေတာလို့ပြည်သူတွေက ပြောပါတယ်။

စစ်တပ်က ရပ်ကွက်တွေမှာ စားအုန်းဆီကို ၁၀ရက် တစ်ပိဿာနှုန်း ရောင်းချပေးနေတာဖြစ်ပြီး ဒီ နောက်ပိုင်းမှာတော့ ခွဲတမ်းပြည့်အောင်ရောင်း‌မပေးနိုင်ဘူးလို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရင်က ဈေးရောင်း တဲ့လူတွေဆိုရင် တစ်ပတ်ကို နှစ်ပိဿာလောက် ရည်ညွန်းဈေးနဲ့ရောင်းပေးတာရှိတယ်။ အခုကတော့ လုံးဝရောင်းမပေးတာကြာပြီ။ ဈေးတွေထဲမှာက ၁၈၀၀၀ လောက်ပေါက်တာ ။ ဒါတောင်ဝယ်ချင်တိုင်းဝယ်လို့မရဘူး” လို့ လမ်းဘေးဈေးဆိုင်ရောင်းချသူတစ်ဦးက ပြောပါတယ်။

ရပ်ကွက်တွေမှာ စားအုန်းဆီထုတ်ပေးဖို့အတွက် ခွဲတမ်းရရှိတဲ့ ပမာဏက နည်းလာတယ်လို့ လှိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဒီတစ်ပတ်ဆို ဆီက တစ်ပေပါပဲရောက်လာတယ်။ ထုတ်ပေးဖို့ စာရင်းနဲ့ဆို ဘယ်လိုမှ ခွဲပေးလို့ အဆင်မပြေဘူး” လို့ ပြောပါတယ်။

စစ်တပ်က စားသုံးဆီရောင်းချတာကိုလည်း သူတို့သတ်မှတ်ပေးထားတဲ့ ဆိုင်တွေမှာပဲ ရောင်းခွင့်ပြုတာဖြစ်ပြီး ပြင်ပဆိုင်တွေမှာ ရောင်းချခွင့်ပေးမထားပါဘူး။

“စားအုန်းဆီတွေက‌တွေကဝယ်မရတော့ ပဲအရောဆီ ဝယ်သုံးနေရတော့ ကုန်ကျစရိတ်ကပိုများလာတယ် ” လို့ အစားအသောက်ရောင်းချတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။