Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခွင့် မရစေရဟု NUG ကာကွယ်ရေးဝန်ကြီး ကတိပြု

“စစ်​မြေပြင် တစ်​နေရာမှာ ကိုယ့်ရဲ​ဘော်​တွေ ထိခိုက်တယ်၊ကျဆုံးတယ်ဆိုတဲ့ သတင်းကြားတိုင်း NUGအ​ပေါ် အားမလို အားမရ ဖြစ်ကြတဲ့အ​ပေါ် ကျွန်​တော်တို့ ​ကောင်း​ကောင်း နားလည်ပါတယ်။NUGဘာလုပ်​နေသလဲလို့ ပြစ်တင်​မောင်းမဲကြတာ​တွေ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ)ကိုလည်း ကျွန်​တော်တို့ အ​လေးအနက်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

-ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဉ်ရှိရှိ ဆင်နွှဲ​နေကြောင်း အသိပေး

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခွင့် မရစေရဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကတိပြုပြောကြားသည်။

NUG ၊ PDF နှင့် မဟာမိတ်များကို အချိန်တစ်ခုပေးရန်နှင့် ပြည်သူများမျှော်လင့်သည့် ရလဒ် များကို ရယူပေးလိမ့်မည်ဟု ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ၎င်း၏ဖေ့ဘုတ်စာမျက်နှာမှတဆင့် ယ​နေ့ညတွင်အသိပေးရေးသားသည်။

“စစ်​မြေပြင် တစ်​နေရာမှာ ကိုယ့်ရဲ​ဘော်​တွေ ထိခိုက်တယ်၊ကျဆုံးတယ်ဆိုတဲ့ သတင်းကြားတိုင်း NUGအ​ပေါ် အားမလို အားမရ ဖြစ်ကြတဲ့အ​ပေါ် ကျွန်​တော်တို့ ​ကောင်း​ကောင်း နားလည်ပါတယ်။NUGဘာလုပ်​နေသလဲလို့ ပြစ်တင်​မောင်းမဲကြတာ​တွေ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ)ကိုလည်း ကျွန်​တော်တို့ အ​လေးအနက်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယ​နေ့ ​လေး​ကေ့​ကော်​ဒေသတွင် အကြမ်းဖက်စစ်​ကောင်စီတပ်က တိုက်​လေယာဥ်နှင့် ဗုံးကျဲပြီး လက်နက်ကြီးများအချက်​ရေ ရာနှင့်ချီကာပစ်ခတ်မှု​ကြောင့် PDF နှင့် KNLAတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ထိ့ခိုက် ဒဏ်ရာရပြီး​နောက် ပြည်သူအချို့ကNUG ၏ ဦး​ဆောင်မှု ၊လက်နက်​ထောက်ပံ့မှု တို့အ​​ပေါ် ​မေးခွန်းထုတ် ၊​ဝေဖန်​နေချိန်တွင် ကာကွယ်​ရေးဝန်ကြီးက ရှင်းလင်း​ရေးသားခဲ့ခြင်းဖြစ်သည်။

ရဲဘော်များ၊ မိတ်ဆွေများ၏ လေးနက်သော အကြံပြု တိုက်တွန်းချက်များအပေါ်တွင်လည်း နာခံ ဆောင်ရွက်ရန်အသင့်ရှိကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးက ရေးသားသည်။

NUG နှင့် ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဉ်ရှိရှိ ဆင်နွှဲ​နေ ကြောင်းလည်း ပြည်သူများကို အသိပေးသည်။

စစ်မဟာဗျူဟာနှင့် စီမံချက်များသည် စစ်​ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖြစ်သည့်အတွက် အားလုံးကို အသိ​ပေး ရှင်းပြခြင်း မပြုနိုင်သည့်အ​ပေါ် နားလည်​ပေးရန် ဦးရည်မွန်က ​ပန်ကြားသည်။

ထို့အပြင် မိမိ၏ လူအင်အား၊ရန်ပုံ​ငွေအင်အား၊ လက်နက်အင်အားများသည် လျှို့ဝှက်အပ်သော အရာများ ဖြစ်ပြီး NUG နှင့် ကာကွယ်ရေးဝန်ကြီးဌာနသည် မိမိတွင်ရှိသည့် အရင်းအမြစ်အားလုံးကို အကျိုးအရှိဆုံး၊ အထိ​ရောက်ဆုံးဖြစ်​အောင် စီမံခန့်ခွဲ သုံးစွဲ​နေကြောင်း ဝန်ကြီးဦးရည်မွန်ကအသိပေးသည်။

“အခုဆိုရင် Regular PDF တပ်ရင်းများ ရာနဲ့ချီပြီး စနစ်ကျတဲ့ Chain Of Command ​အောက်မှာ ဖွဲ့စည်းထူ​ထောင်ပြီး ဖြစ်သလို လက်နက်တပ်ဆင်မှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မျှမျှတတဖြစ်​အောင် စီမံ​ဆောင်ရွက်​နေပါတယ်။တချိန်တည်းမှာပဲ စစ်မဟာဗျူဟာအရ စစ်​ရေးစီမံချက်အရ ဦးစား​ပေးတပ်ဆင်ရတဲ့ ​ဒေသ​တွေ ရှိဆိုတာလည်း အစီရင်ခံလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး “စစ်တိုက်တဲ့အခါ လက်နက်ဟာ မရှိမဖြစ် လိုအပ်​ပေမယ့် လက်နက်ရှိတိုင်း စစ်တိုက်လို့ ရတာ​တော့ မဟုတ်ပါဘူး။အမိန့်​ပေး ကွပ်ကဲမှုစနစ် Chain Of Commandတည်​ဆောက်မှု ၊မဟာမိတ်​တွေရဲ့ နားလည်ယုံကြည်မှုနဲ့ ပူးပေါင်း​ဆောက်ရွက်မှု၊​ထောက်ပို့နဲ့ ဆက်သွယ်​ရေးယန္တရား တည်​ဆောက်မှု၊ ဗျူဟာ​မြောက် ဟန်ချက်ညီ ​ဆောင်ရွက်နိုင်မှု​တွေဟာ အလွန် အ​ရေးကြီးပါတယ်” ဟု ဦးရည်မွန်က ဆိုသည်။

လက်ရှိတွင် PDFတပ်ဖွဲ့ဝင်​များသည် မဟာမိတ်ရဲ​ဘော်​များနှင့် လက်တွဲကာ စစ်​မြေပြင်တွင် လက်​တွေ့တိုက်ပွဲဝင်​နေကြပြီး တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်​နေသည့် PDFတပ်ရင်းတပ်ဖွဲ့​များ လည်း အ​မြောက်အမြား ရှိ​နေပြီဟု ၎င်းက ရှင်းပြသည်။

တစ်ဖက်တွင်လည်း သမိုင်းတ​လျှောက် မကြုံဖူးသည့် ပြည်သူ့​ထောက်ခံပါဝင်မှု၊ ​တော်လှန်​ရေးအင်အားစုများအကြား မကြုံဖူးသည့် အမျိုးသား စုစည်းညီညွတ်မှုကို တည်​ဆောက်ထားနိုင်သည့် အ​ခြေအ​နေတွင် လက်ရှိ​တော်လှန်​ရေး မုချ​အောင်မည်ဟု NUG က မျှော်လင့်ထားကြောင်း ဆက်လက်ရေးသားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ