Connect with us

Hi, what are you looking for?

သတင်း

ဝေဟင်နည်းပညာပိုင်းမြှင့်တင်နိုင်ဖို့ ကြိုးနဲ့စွန် 2.0 မှာပါဝင်ပေးကြဖို့ MODတိုက်တွန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

(စက်တင်ဘာ ၁၀ ရက်မှာPDF ​တွေရဲ့ FPV ဒရုန်းက တံတားဦး​လေတပ်ကတိုက်​လေယာဥ်ကိုတိုက်ခိုက်ဖို့ အနီးကပ်ပျံသန်းစဥ်။ ဓါတ်ပုံ-NPDF )

စက်တင်ဘာ-၂၀၊၂၀၂၆။တေဇ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကို စက်တင်ဘာ ၁၉ ကနေ အောက်တိုဘာ ၂၉ အထိပြုလုပ်မှာဖြစ်ပြီးနိုင်ငံအလိုက်သက်ဆိုင်ရာ Fundraiser တွေဆီမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒီကမ်ပိန်းက ပထမတစ်ကြိမ်တုန်းကလိုပဲ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ ရရှိဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်းမြှင့်တင်ဖို့ ကြိုးနဲ့စွန် ကမ်ပိန်းကို ပထမအကြိမ်ပြုလုပ်ခဲ့ချိန်ကလည်းသတ်မှတ်ရာခိုင်နှုန်းထက်ကျော်လွန်အောင်ပါဝင်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း လည်းNUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

“တော်လှန်ပြည်သူများ ပေးအပ်လာသည့် ရန်ပုံငွေများကြောင့် ရန်သူ၏ ဝေဟင်စိုးမိုးမှုကို ကာကွယ်ခြင်း၊တန်ပြန်ခြင်းတို့သာမက အလစ်အငိုက် ထိုးစစ်ဆင်နိုင်သည့် အခြေအနေသို့ပင် ရောက်ခဲ့ပြီ ဖြစ်ကြောင်းကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်ရပြီး ဖြစ်ပါသည်။” လို့ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၀ ရက်မှာPDF ​​တွေက FPV ဒရုန်း​တွေတံတားဦး​လေတပ်ကိုတိုက်ခိုက်ခဲ့ရာ တိုက်​လေယာဥ် ၄ စီးထိခိုက်ပြီး ၂ စီးဆိုးဆိုးရွားရွားပျက်စီးပြီး ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ်ကဗျူဟာမှုးအပါအဝင်စစ်သား ၅ ဦး​သေဆုံး​အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ PDF ​တွေကထုတ်ပြန်ပါတယ်။

ကြိုးနဲ့စွန် ရဲ့ ပထမတစ်ကြိမ်ကမ်ပိန်းကနေ အမေရိကန်ဒေါ်လာတစ်သိန်းရှစ်သောင်းကျော်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို ထောက်ပို့ကူညီပေးခဲ့တယ်လို့ ဩဂုတ် ၂၉ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။