Connect with us

Hi, what are you looking for?

News

ဒီးမော့ဆို မြို့မရဲစခန်းကို PDF ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေ

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)ဖက်မှ တပ်ဖွဲ့ဝင်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကယားပြည်နယ် ဒီးမော့ဆို မြို့မရဲစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)က ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၅ရက် ညနေ ၄ နာရီခန့်က စတင်ခဲ့သော တိုက်ပွဲသည် ညနေ ၆ နာရီဝန်းကျင်အထိ နှစ်နာရီ ကြာမြင့်ကာ (DMO-PDF)တပ်ဖွဲ့ နှင့် KGZ တပ်ဖွဲ့ များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ဒဏ်ရာရရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)တပ်ဖွဲ့ဝင်နှစ်ဦးကိုတွေ့ရစဉ်)

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)ဖက်မှ တပ်ဖွဲ့ဝင်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ရဲဘော် နှစ်ဦးရဲ့ ထိခိုက်ဒဏ်ရာကတော့ စိုးရိမ်စရာမရှိတော့ပါဘူး။လောလောဆယ် တိုက်ပွဲ အခြေအနေကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့အခြေအနေကို စောင့်ကြည့်နေဆဲပဲ”ဟု DMO-PDFမှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဒီးမော့ဆိုမြို့မရဲစခန်းရှေ့ရှိ ပြည်သူပိုင်နေအိမ်တစ်လုံး မီးရှို့ခဲ့ပြီးတိုက်ပွဲဖြစ်ပွားမှုမရှိသည့် ဒေါငံခါးကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ရာ ငြိမ်းချမ်းခြင်းသခင်မ ဘုရားရှိခိုးကျောင်းအနောက်ဘက် ပေ ၂၀၀ခန့်အကွာမှာ ကျရောက်ပေါက်ကွဲခဲ့သည်ဟု DMO-PDF က ဆိုသည်။

(ဒဏ်ရာရရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)တပ်ဖွဲ့ဝင်နှစ်ဦးကိုတွေ့ရစဉ်)

ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်ခန့်ကလည်း အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဒီးမော့ဆို မြို့နယ်တွင် ၁၅ မိနစ်ခန့်အကြာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားသုံးထိုးစစ်ဆင်လာနိုင်သည့်အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပွား နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိရှိသွားလာနေထိုင်ကြရန် DMO-PDF က သတိပေး သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook