Connect with us

Hi, what are you looking for?

သတင်း

ပေါက်တော၊ မင်းပြား၊ ဂွမြို့နယ်တို့ကို စစ်တပ်ဗုံးကြဲ၊တဦးသေပြီး နှစ်ဦး ဒဏ်ရာရ

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ပေါက်တောမြို့နယ် တောင်ဖူးရွာ နဲ့ဂွမြို့နယ် ဆပ်သွားရွာတို့ကိုစစ်တပ်ဗုံးကြဲခဲ့ပြီး​နောက်အပျက်အစီနဲ့ ဒဏ်ရာရ​ကျောင်းသားငယ်တဦး။ ဓါတ်ပုံ- Wai Hinn Aung၊ APM )

စက်တင်ဘာ-၂၁၊၂၀၂၆။ခိုင်မြတ်/ People’s Spring

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက် မနက်အစောပိုင်းအချိန်မှာ ပေါက်တောမြို့နယ် တောင်းဖူးရွာထဲကိုစစ်တပ်က ဗုံးနှစ်လုံးကြဲချခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မနက် ၁၁နာရီ ကျော်အချိန်မှာ ဂွမြို့နယ် ဆပ် သွားရွာကို ဗုံးထပ်ကြဲတာ​ကြောင့် အသက် ၁၄ နှစ်အရွယ်ကျောင်းသားတဦး နဲ့ အမျိုးသားတဦးတို့ ဒဏ်ရာရခဲ့ပါတယ်။

“ဘာမှမဆိုင်တဲ့ ရွာထဲကို ကြဲတယ်။ မိုက်ရိုင်းချက်က ပြောစရာစကားတောင် မရှိဘူး” လို့ ဂွမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ဟာစက်တင်ဘာ ၂၁ ရက်နေ့လယ် ၁၂ ကျော်အချိန်မှာလည်းမင်း ပြားမြို့နယ် သစ်ပုတ်တောင်ရွာအနီးတောင်တန်းတွေကို ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲခဲ့ပါတယ်။

အဲဒီဗုံးကြဲမှုကြောင့်ထိခိုက်သေဆုံးထိခိုက်သူရှိ၊မရှိကိုတော့ မသိရသေးပါဘူး။ “ရွာထဲကို မကျဘူးလို့တော့ သိရတယ်။ တောင်တန်းတွေကို ပစ်တာ။ ဒီဘက်ရွာတွေက အရင်ကတည်းက စစ်တပ်လည်း မရှိဘူး၊ တိုက်ပွဲလည်း မရှိတဲ့နေရာတွေ” လို့ မင်းပြားဒေသခံတဦးက ပြောပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာတွေ ဆက်တိုက်သိမ်းပိုက်ခံနေရပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေ၊ ပုဏ္ဏားကျွန်းတို့နဲ့ ဆက်စပ်နေရာတွေအပြင် အခြားမြို့နယ်တွေ က အရပ်သားပြည်သူ​တွေ​နေထိုင်တဲ့ကျေးရွာတွေကိုပါ ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းမှာလည်း ရသေ့တောင်မြို့နယ် မိုးစဲကမ်း ဇီးကိုင်းရွာကို စစ်တွေမြို့ တပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့ပြီး ရွာထဲ ကျရောက်ပေါက်ကွဲကာအသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ သူ့ရဲ့သမီးဖြစ်သူ ၄၂ နှစ်အရွယ် ဒေါ်မရွှေတင်တို့ သေဆုံးခဲ့ပါတယ်။

စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၂၁ ရက်ထိ စစ်တပ်လက်ချက် ကြောင့် ရခိုင်ဒေသခံအရပ်သားပြည်သူအနည်းဆုံ ၇ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီဖြစ်တယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

လက်ရှိမှာ ရွှေမင်းဂံရေတပ်စခန်းနဲ့ကပ်ရပ် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ရွာအနီးဝန်ကျင်၊ စစ်တွေမြို့နယ် အမြင့် ကျွန်း၊ တောကန်၊ ကံ့ကော်ကျွန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပါတယ်။ တိုက် ပွဲနှစ်ပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူ ရာနဲ့ချိရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။