Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းတိုက်ပွဲ စစ်တပ်ထံမှလက်နက်မျိုးစုံ ၃၀ ကျော်နဲ့ခဲယမ်း​တွေသိမ်းရ

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

(စစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ဓါတ်ပုံ-AA Infodesk)

စက်တင်ဘာ-၂၂၊၂၀၂၆။​နေ့သစ်/People’s Spring

ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်မှာစက်တင်ဘာလ ၂၀ရက်နဲ့ ၂၁ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှလက်နက်မျိုးစုံ ၃၀ ​ကျော်နဲ့ခဲယမ်းအများအပြားကိုသိမ်းဆည်းရရှိ​ကြောင်းအာရက္ခတပ်တော်(AA)ကယ​နေ့ညမှာထုတ်ပြန်ပါတယ်။

မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင် နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ နှစ်ရက်ဆက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးတဲ့ စစ်သားတွေရဲ့ရုပ်လောင်းတွေနဲ့ သိမ်းဆည်းနိုင်ခဲ့တဲ့လက်နက်ခဲယမ်းတွေကို AAက စက်တင်ဘာလ၂၂ရက်ညမှာ ထုတ်ပြန်ခဲ့တာမှာလက်နက်မျိုးစုံ ၃၀ ​ကျော်နဲ့ခဲယမ်းပများအပြားသိမ်းရတာ​တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

“မင်းတုန်းအနောက်ခြမ်း ရခိုင်ရိုးမထိအရောက် ရဲ၀င်းဦးမှ တပ်မ(၅၅) အား တာဝန်ပေးကာလက်နက်ခဲယမ်းများ ပေးပို့လှူဒါန်းတာ”လို့ မြေပြင်စစ်ရေးသတင်းရင်း မြစ်က အာရက္ခ တပ်တော် AA ရဲ့ ထုတ်ပြန်ချက်ကို ပြောပါတယ်။

ဒါ့အပြင် မင်းတုန်းမြိုကို စစ်တပ်သင်းချိုင်း နဲ့သာသနာ့ဗိမာန် စစ်တပ်ဆေးရုံအဖြစ် နာမည် ပြောင်းရမယ့်အခြေအနေလို့ သူက ဆက်လက်အသိပေးပါတယ်။

သဖန်ရောင်ကနေကံဂျိုးရွာဘက်ကိုရှေ့တိုးဖို့ကြိုးစားတဲ့ စစ်ကြောင်းကို AA ကကြားဖြတ်တိုက်ခိုက်တာဖြစ်ပြီးတိုက်ပွဲပြင်းထန်ကာစစ်သားအ​လောင်း၃၀ကျော်ရတယ်လို့AA သတင်းရင်းမြစ်ကလည်းပြောပါတယ်။စစ်သားရုပ်အ​လောင်း​တွေကိုလည်း AA ကထုတ်ပြန်ထားပြီးလူထု​နွေဦးရဲ့တယ်လီဂရန်မှာ https://t.me/PeopleSpring/113522?single ကြည့်ရှုနိုင်ပါတယ်။

“သူတို့ဘက်က စစ်ကြောင်းထိုးနေတာ သုံးရက်လောက်ရှိပြီ။ အရှေ့ကို သိပ်မတိုးတော့ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်ဘူး။ ဒီနေ့ကျမှ အင်အားနဲ့ တိုးလာလို့ ဖြစ်ကြတာ။ အထိနာတော့ နောက်ပြန်ဆုတ်သွားတယ်။ တိုက်ပွဲဖြစ် တုန်း”လို့AAသတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိမှာ မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေပြီး ကုန် စည်သယ်ယူရေးလမ်းကြောင်းပိတ်သွားကာ အနီးဝန်းကျင်ကျေးရွာတွေမှ ဒေသခံတွေမှာဘေးလွတ်ရာ ထွက်​ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာတွေ တော်တော်များများ ပြေးကြရတယ်။ တိုက်ပွဲက ရှေ့ဆက် ပြင်းလာမယ့်အခြေအနေမှာရှိတယ်။စစ်တပ်ကအင်အားတော်တော်ဖြည့်ထားတယ်၊နာရင်လည်း အင်အားဖြည့်ပြီးရှေ့တိုးမယ့်အနေအထားတွေ့ရတယ်” လို့ ရခိုင် – မင်းတုန်း ကုန်ကူးနေခဲ့တဲ့ ဒေသခံကုန်သည်တဦးကဆိုပါတယ်။

စစ်တပ်က မင်းတုန်းမြို့နယ်ဘက်ကနေ ရခိုင်ရိုးမဘက်ကို ဦးတည်ပြီးစစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာကို AAနဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိထိခိုက်သေဆုံးမှုတွေများပြားခဲ့တဲ့စစ်ကြောင်းကို စစ်ကောင်စီဗျူဟာမှူးတစ်ဦးက ဦးဆောင်လာတာလို့ စုံစမ်းသိရပါတယ်။

မင်းတုန်းမြို့ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေ တပ်မ(၅၅)လက်အောက်ခံစစ်ကြောင်းတွေဖြစ်ပါတယ်။စက်တင်ဘာလဆန်းတိုက်ပွဲမှာလည်တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်တဲ့ဒုဗိုလ်မှူး

ကြီးတင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တိုက်ပွဲမှာသေဆုံးတဲ့သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။

အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်နေတာကြောင့် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။

စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေမယ့် မြေပြင်မှာ စစ်သားတွေထိခိုက်သေဆုံးမှုများအလွန်ပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook