Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကို စစ်တပ်က ဗုံးအလုံး ၂၀ကျော် ကြဲ

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဖားကန့်မြို့အနီး ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-AFP)

စက်တင်ဘာ၂၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်၊ ဆည်ဇင်းကျေးရွာဘက်ကို ဒီနေ့ စက်တင်ဘာ၂၄ရက်ညနေ ၃နာရီခန့်မှာ ဗုံးကြဲသွားတာလို့ သိရပါတယ်။မြေပြင်မှာ လူထိခိုက်မှုမရှိဘူးလို့ သတင်းရင်းမြစ်ကပြောပေမဲ့ အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

” ဗုံးအလုံး၂၀ကျော်ကြဲတာ။ လူမထိဘူး။ လေယာဉ်က ဖားကန့်တကြော ပတ်ဝဲပြီး ကြဲချသွားတာ။ သေနတ်ပစ်သံတွေလည်း ကြားတယ်”လို့ ဒေသခံသတင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စင်တပ်က ယခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့ကို လေကြောင်းကင်းထောက်မှုတွေအပြင် ဗုံးကြဲတာတွေလည်း ပြုလုပ်နေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်အထူးသတိပြုကြဖို့ သတိပေးထားပါတယ်။

နယ်မြေချင်းဆက်စပ်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်၊ စစ်ကိုင်းတိုင်း အင်းတော်နဲ့ကသာမြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

” ‌ဒီရက်တွေက ဂျက်ဖိုက်တာနဲ့ လာတာထက် Y12 နဲ့ ပိုပြီးကကြဲနေတယ်။ တစ်ခါကြဲရင် ဗုံး အလုံး ၂ဝ ကျော်ပါတယ်။ လေကြောင်းအန္တရာယ်ကတော့တောက်လျှောက်သတိပေးနေရတယ်”လို့ ကသာမြို့နယ်ထဲက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Facebook