Connect with us

Hi, what are you looking for?

သတင်း

KNPPပါတီ အမြဲတမ်း ပါတီဗဟိုကော်မတီဝင်နဲ့ KA ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အမြဲတမ်းပါတီဗဟိုကော်မတီဝင်နဲ့ ကရင်နီတပ်မတော် (Karenni Army – KA) ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်သွားတယ်လို့ KNPP ပါတီဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။

(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အမြဲတမ်းပါတီဗဟိုကော်မတီဝင်နဲ့ ကရင်နီတပ်မတော် (Karenni Army - KA) ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်။ ဓါတ်ပုံ-KNPP)

စက်တင်ဘာ -၂၇၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အမြဲတမ်းပါတီဗဟိုကော်မတီဝင်နဲ့ ကရင်နီတပ်မတော် (Karenni Army – KA) ဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင် ကွယ်လွန်သွားတယ်လို့ KNPP ပါတီဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။

အသက်(၇၆)နှစ်အရွယ် ဗိုလ်မှူးကြီး ဘုန်းနိုင်ဟာ ဒီကနေ့(စက်တင်ဘာ ၂၇ ရက်) မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားတာလို့ ဖော်ပြပါတယ်။

“ပြီးခဲ့တဲ့ လေးလောက်ငါးလလောက်ကတည်းက လူကြီးရောဂါနဲ့ ဗိုလ်မှူးကြီး ဆေးကုနေရတာ”လို့ ကရင်နီတပ်မတော်နဲ့ နီးစပ်သူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီတပ်မတော် တပ်ဖွဲ့၀င်တစ်ဦးကလည်း “အရင်တလောက ဆေးရုံရောက်တယ်။ညနေက ဆုံးတယ်လို့ ကြားရတာပေါ့”လို့ ဗိုလ်မှူးကြီးဘုန်းနိုင်ကွယ်လွန်တဲ့မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၃၀ ရက်မှာ ကရင်နီပြည်နယ်စပ်တစ်နေရာမှာ မြေမြှုပ်သဂြိုဟ်မယ့်အကြောင်းရပ်ဝေးရပ်နီးဆွေမျိုးမိတ်ဆွေ‌တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို KNPP က အသိပေးပါတယ်။

ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီတပ်မတော် (Karenni Army – KA)မှာစစ်ရေးဆိုင်ရာတာဝန်အဆင့်ဆင့်ကို ရေရှည်ထမ်းဆောင်ခဲ့ပြီး ထင်ရှားတဲ့ စစ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

၂၀၂၁ နောက်ပိုင်း တော်လှန်ရေးကာလမှာလည်း ကရင်နီပြည်နယ်က စစ်ဆင်ရေးနဲ့စစ်ရေးပြင်ဆင်မှု တွေ ကရင်နီတပ်ပေါင်းစုရဲ့ မြေပြင်စစ်ဆင်ရးညှိနှိုင်းမှုတွေမှာအဓိက ပြောရေးဆိုခွင့်ရှိသူနဲ့ ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ကရင်နီပြည်သူတွေ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်ပြတ်သားတဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုထားခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ရက်ကလည်း KNPPရဲ့ အထွေ ထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့် ကျောက်ကပ်ရောဂါ နဲ့ ကွယ်လွန်ခဲ့ပါတယ်။

နှစ် ၇၀ နီးပါး စစ်အစိုးရအဆက်ဆက်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)က ၂၀၂၁ စစ်တပ်အာဏာ သိမ်းမှုကိုလက်မခံဘူးလို့ ကန့်ကွက်ခဲ့ပြီးနောက် ဒေသတွင်းအသစ်ထွက်ပေါ်လာတဲ့ ကရင်နီတော်လှန်ရေးတပ်တွေကို စစ်သင်တန်းပေးတာ နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ရှိနေပါတယ်။

ဒါ့အပြင် ၂၀၂၀ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ ၊တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်တွေနဲ့အစည်းအဝေးပြုလုပ်ခဲ့ပြီး KNPP က ၂၀၂၁ ဧပြီမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ကို ဖွဲ့စည်းထားပါတယ်။

ဆက်စပ်သတင်းများ

Facebook