Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်ဗုံးကြဲမှု စစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကိုလက်တုံ့ပြန်မယ်လို့ AA ပြော

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

ဓါတ်ပုံ-AA Info Desk

“ဒီအကြမ်းဖက်စစ်ရာဇဝတ်မှုအတွက်လည်းပဲ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်”

— AA​ပြော​ရေးဆိုခွင့်ရှိသူ

စက်တင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ ULA/AAအနေနဲ့ကတော့ဒီဖြစ်စဉ်မှာအသက်ပေးသွားခဲ့ကြတဲ့ကျွန်တော်တို့ရဲ့အပြစ်မဲ့ပြည်သူတွေအတွက်တရားမျှတမှုရရှိဖို့၊ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပက်သက်တဲ့ အကြမ်းဖက်မြန်မာ့တပ်မတော်နဲ့ ပါဝင်ပက်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးတော့မှ လက်တုံံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ပါတယ်”လို့ ဦးခိုင်သုခက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်အနေနဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့လည်း သူက ဆက်​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီအကြမ်းဖက်စစ်ရာဇဝတ်မှုအတွက်လည်းပဲ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်ပါတယ်”လို့ ဦးခိုင်သုခက လူထု​နွေဦးကို​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ် နဲ့ ၁၂ နာရီ ၁၄ မိနစ်တို့မှာကျောက်တော်မြို့ပေါ် ရှိကစ္ဆပနဒီတံတား အနီး နဲ့ အိန္ဒိယစျေးဝန်းကျင်တို့ ကို ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး၊ ၃၆ ဦးဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင် သေဆုံးဒဏ်ရာရသူတွေထပ်တိုးလာနိုင်သေးတယ်လို့လည်းဒေသခံတွေနဲ့ AAက​ပြောပါတယ်။

“သေဆုံး၊ ဒဏ် ရာရတဲ့အရေအတွက်က ပဏာမသတင်းတက်လာတဲ့ဟာကို အခြေခံပြီး ပြောတာဖြစ်ပါတယ်။ ဒီထက်လည်းပဲ သေဆုံး၊ ဒဏ်ရာရတဲ့အရေအတွက်က ထပ်ပြီးတိုးလာနိုင်ခြေရှိပါတယ်” လို့ ဦခိုင်သုခက လည်းပြောပါတယ်။

ကျောက်တော်ဒေသခံတဦးက စက်တင်ဘာ ၂၈ ရက် ညနေ ၇ နာရီခန့်မှာရတဲ့သတင်းအရ သေဆုံးသူ ၄၀ ကျော်ထိရှိသွားပြီဖြစ်တယ်လို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်တော်မြို့အပြင် နာရီပိုင်းသာခြားပြီး မင်းပြားမြို့နယ် စွန်ရဲ နဲ့ ကြောင်ရှည် ချောင်းရွာတို့ကိုလည်း Y12 နဲ့ ဗုံးကြဲခဲ့တာကြောင့်ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေများလာတိုင်း အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ဖြစ်စဉ်မျိုးတွေ အရင်ကလည်းအများကြီးရှိခဲ့ပြီးအခုအကြိမ်မှာလည်း အဲဒီလိုမျိုး တိုက်ခိုက် တာဖြစ်တယ်လို့ သူကပြောပါတယ်။

“ရခိုင်ပြည်အနှံ့မှာ ဆိုလို့ရှိရင် မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ကြည့်မလား၊ နောက်တခြားနေရာတွေမှာလည်းပဲ အဓိက သာသနိကအဆောက်အဦးတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေ နောက်ပြည်သူလူထု ထူထပ် တဲ့နေရာတွေပေ့ါနော်၊ အဲဒီလို စျေးလိုနေရာမျိုးပေါ့၊ အဲဒီလိုနေရာမျိုးကို အဓိကပစ်မှတ်ထားပြီးတော့မှ အရပ်သား ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်ပြီးတော့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ အကြိမ်ကြိမ်ရှိခဲ့ပါတယ်” လို့ ဆို ပါတယ်။

“အခုလည်းပဲ ရခိုင်စစ်မျက်နှာအပါအဝင်ပေါ့နော်၊ တခြားစစ်မျက်နှာတွေမှာ၊ စစ်မျက်နှာမျိုးစုံမှာ သူတို့ဘက်ကနေ ပြီးတော့ ထိခိုက်၊ ကျဆုံးမှုတွေများပြီးတော့ ရှုံးနိမ့်မှုတွေများလာတဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုး အပြစ်မဲ့အရပ် သားပြည်သူတွေနေတဲ့နေရာတွေကို ဦးတည်တိုက်ခိုက်ပြီးတော့မှ စစ်ရာဇဝတ်မှုကိုကျူးလွန်နေတာဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ အဲလိုမျိုးမြင်ပါတယ်”လို့ AA ​ပြော​ရေးဆိုခွင့်ရှိသုကဆက်ပြောပါတယ်။

စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာ AA ထိန်း ချုပ်ရာနေရာတွေကို တန်ပြန်ထိုးစစ်ဆင်ပေမယ့် ​မြေပြင်မှာ​သေဆုံးဒဏ်ရာရသူများပြီးအထိနာကာ စစ်စခန်း​တွေဆုံးရှုံး​နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ ဒီနေ့ ၂၈ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ အနည်းဆုံး ၄၃ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၇၂ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မီးထဲပါသွားတဲ့အလောင်းတချို့ ဆွဲထုတ်မရနိုင်သေးတာမို့ သေဆုံးသူထပ်တိုးနိုင်သေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Facebook