Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကနေ စက်ဘီးနဲ့ပြန်သွားတဲ့ ပန်းရံသမား ၅လကြာ ပျောက်ဆုံးနေ

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

အောက်တိုဘာ ၄၊ ၂၀၂၆။ ဇေအောင်/People’s Spring

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ ပန်းရံလုပ်ကိုင်သူ ကိုမင်းသူဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်က မန္တလေးမြို့ကနေ စက်ဘီးနဲ့ အုန်းချောရွာကို အပြန် လမ်းမှာပျောက်ဆုံးသွားကြောင်း ၎င်းရဲ့မိသားစုဝင်တွေက TikTok ကနေ အသိပေးပါတယ်။

ကိုမင်းသူမှာ ကိုယ်ဝန် ၇ လရှိနေပြီဖြစ်တဲ့ဇနီးသည် နဲ့ ကလေး ၂ဦး ကျန်ရစ်ခဲ့ပြီး လုပ်ကျွေးမယ့် အိမ်ထောင်ဦးစီးမရှိတော့တာကြောင့် အိမ်ငှားနေထိုင်ရင်း မိသားစု စားဝတ်နေရေး ခက်ခဲနေကြောင်း ပျောက်ဆုံးသူရဲ့ အမျိုးသမီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးသူရဲ့ အမျိုးသမီး သွားရောက်အကူအညီတောင်းခံခဲ့တဲ့ ငြိမ်းချမ်းရေးကွန်ရက်ဆရာတော်ဆိုသူကတော့ စစ်မှုထမ်းဖမ်းဆီးခံရရင် ပြန်လည်ဆက်သွယ်လာနိုင်တာကြောင့် ဆက်သွယ်ခြင်းရှိမရှိ မေးမြန်းတဲ့အခါ ၎င်းအမျိုးသမီးက “သူကဖုန်းကလည်းပါမသွားဘူး။ သူကမှတ်ဉာဏ်လည်း သိပ်မ​​​​​ကောင်းတော့ ဖုန်းနံပါတ်တွေ ဘာတွေလည်း အလွတ်မရဘူး”လို့ ၎င်းက ပြောပါတယ်။

မန္တလေးမြို့နဲ့ အုန်းချောကျေးရွာဟာ ၁၃ မိုင်နီးပါး ကွာဝေးပြီး စက်ဘီးနဲ့ဆိုရင် အချိန် ၁ နာရီကျော် နင်းရကြောင်း ဒေသခံအချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု အောက်တိုဘာလမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ဇူလိုင်မှ ၂၀၂၆ သြဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့ကြောင်း၊ ယခုအခါ ၎င်းအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား (၈၀) ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာကို တွေ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က အသိပေးခဲ့ပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်အခြေအနေကိုကြည့်ရင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြုပြီး ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေပေမဲ့ ဘယ်စစ်မျက်နှာမှာမှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားနေတာကို တွေ့ရကြောင်း၊ ၎င်းထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်တာကိုလည်း တွေ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။

ဒါ့ကြောင့် အရွယ်ရောက်ပြီး လူငယ်တွေအနေနဲ့လည်း စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးပြီး ရှောင်ရှားကြဖို့ လိုအပ်နေကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့ကလေးဆေးရုံကြီးမှာဆေးရုံလာတက်နေတဲ့စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကလေးငယ်တွေရဲ့ဖခင်နှစ်ဦးဟာအာဏာသိမ်းစစ်တပ်အတွက်ပေါ်တာဆွဲခံရပြီးနောက်ဝေဖန်မှုတွေ မြင့်တက်လာချိန်မှ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

Trending

Facebook