Connect with us

Hi, what are you looking for?

သတင်း

နာဂဒေသမှာ ပကဖရုံးဖွင့်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးကို တရားဝင်ဖွင့်လိုက်ပါတယ်။

(လဟယ်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးဖွင့်ပွဲလုပ်နေစဉ်။ ဓာတ်ပုံ - ပကဖ အသံ)

အောက်တိုဘာ-၉၊၂၀၂၆။အိမ်သွင်/People’s Spring

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးကို တရားဝင်ဖွင့်လိုက်ပါတယ်။

လဟယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးကို အောက်တိုဘာ ၄ ရက်မှာ ဖွင့်ခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

” အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ နာဂဒေသ (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ရှိပြီးသားပါ။ အခုက သင့်တော်တဲ့နေရာမှာ တရားဝင်ရုံးဖွင့်ပြီး လူထုနဲ့လည်းတွေ့ဆုံခဲ့တာပါ”လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုံးဖွင့်ပွဲမှာ နာဂဒေသပကဖတာဝန်ရှိသူတွေက ဒေသ‌ရေးရာအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေးအတွက် တော်လှန်ရေးတပ် တွေ စုဖွဲ့မှုတွေပြုလုပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ပကဖ အသံက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းမှာပါဝင်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လဟယ်မြို့နယ်၊ လေရှီးမြို့နယ်နဲ့ နန်းယွန်းမြို့နယ်တို့ပါဝင်ပါတယ်။ သုံးမြို့နယ်စလုံးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။နာဂ‌ဒေသက ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာ တိုင်းရင်းသားဒေသအချို့မှာ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ပွဲဝင်မှုတွေလည်းရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ၂၀ရက်မှာ လဟယ်မြို့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နာဂဒေသမှာ စစ်ကောင်စီက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဖွဲ့စည်းပြီး အုပ်ချုပ်ရေးယန္တရားတည်ဆောက်ထားပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN) အဖွဲ့တွေလည်း ဒေသတွင်းမှာ လှုပ်ရှားပါတယ်။

နိုင်ငံအနှံ့ စစ်မှုထမ်းအင်အားလိုအပ်နေတဲ့ စစ်တပ်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာလည်း အသက်၁၈နှစ်အထက်လူငယ်တွေကို စစ်မှုထမ်းစာရင်းသွင်းပြီး လိုက်လံဖမ်းဆီးမှုတွေရှိတယ်လို့သိရပါတယ်။ပြီးစက်တင်ဘာလ၂၃ရက်နေ့က နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကားဆရာနဲ့ ယာဉ်နောက်လိုက်စုစုပေါင်း၁၁ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒီ ၁၁ဦးဆီကနေ ငွေ သိမ်း ၃၅၀ တောင်းယူပြီး စစ်မှုထမ်းသင်တန်းတက်မယ့်လူငယ်တစ်ဦးကို အစားထိုး ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ စစ်အုပ်စုက လူထုဆီက အတင်းအကျပ်တောင်းယူခဲ့တဲ့ ကျပ်သိန်း၃၅၀နဲ့ လူငယ်တစ်ဦးကို ဝယ်ပြီး စစ်မှုထမ်းသင်တန်းဆီ ပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆောင်မြို့နယ်စပ်မှာအိန္ဒိယနိုင်ငံဘက်ကနေခြံစည်းရိုးကာဖို့ပြင်ဆင်နေပြီး အဲ့ဒီအပေါ် ဒေသခံတွေကကန့်ကွက်နေကြပါတယ်။

သတင်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ (၈)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။