Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ICC တရားသူကြီးဟောင်းနိုဘယ်လ်ဆုရပြီးနာရီပိုင်းအကြာမှာအမေရိကန်က ICC အပေါ် ဒဏ်ခတ်ပိတ်ဆို့

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ရဲ့ တရားသူကြီးဟောင်းတစ်ဦး နိုဘယ်လ် ငြိမ်းချမ်းရေးဆု ဆွတ်ခူး ရရှိပြီး နာရီပိုင်း အကြာမှာပဲ အမေရိကန် အစိုးရဟာ ICC အဖွဲ့အစည်း တစ်ခုလုံးကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကြေညာလိုက်ပါတယ်။

အောက်တိုဘာ – ၁၀ ၊၂၀၂၆

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ရဲ့ တရားသူကြီးဟောင်းတစ်ဦး နိုဘယ်လ် ငြိမ်းချမ်းရေးဆု ဆွတ်ခူး ရရှိပြီး နာရီပိုင်း အကြာမှာပဲ အမေရိကန် အစိုးရဟာ ICC အဖွဲ့အစည်း တစ်ခုလုံးကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကြေညာလိုက်ပါတယ်။

ICCဟာ ကျင့်ဝတ်စည်းမျဉ်းတွေကို လျစ်လျူရှုနေသလို အမေရိကန်နဲ့ မိတ်ဖက် နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိပါးခြိမ်းခြောက်ဖို့ ကြိုးစားနေကြောင်း အမေရိကန် နိုင်ငံခြား​ရေးဝန်ကြီး မာကို ရူဘီရိုက စွပ်စွဲ ပြောကြားထားပါတယ်။ အောက်တိုဘာ ၉ ရက်နေ့က ကြေညာခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကတော့ အမေရိကန်ရဲ့ အဖွဲ့အစည်းတွေက ICCနဲ့ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေ၊ သဘောတူညီမှုတွေ မလုပ်ဆောင်နိုင်အောင် တားမြစ်သွားမှာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်ကို ကာကွယ်တဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း ရူဘီရိုက ပြောကြားခဲ့ပြီး ICCဟာ အမေရိကန် နိုင်ငံသားတွေကို တရားရေးအရ ပစ်မှတ်ထားဖို့ ကြိုးစားနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ ICCကတော့ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံတကာ ဥပဒေတွေရဲ့ အခြေခံ အုတ်မြစ်တွေကို ဖြိုလှဲပစ်ချင်တဲ့ တိုက်ခိုက်မှု တစ်ခုလို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၉ ရက်နေ့မှာ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက ၂၀၂၆ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ICC တရားသူကြီးဟောင်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း နဗာနီသမ် ‘နာဗီ’ ပီလိုင်ကို ချီးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။ ပီလိုင်ဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတွေကို မြှင့်တင်ဖို့ အားထုတ် ကြိုးပမ်းမှုတွေကြောင့် ဒီဆုကို ရရှိခဲ့တာလို့ ကော်မတီက ထုတ်ပြန်ပါတယ်။

နာရီပိုင်း အကြာမှာတော့ အမေရိကန်က ICC အဖွဲ့အစည်း တစ်ခုလုံးကို အရေးယူ ပိတ်ဆို့မယ့်အကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဟာ အရင်ကလည်း ICC တရားသူကြီးတွေနဲ့ တာဝန်ရှိသူတွေ စုစုပေါင်း ၁၇ ဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပြစ်ဒဏ်တွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ကတော့ တစ်ဦးချင်းစီကို မဟုတ်ဘဲ ICC တစ်ခုလုံးကို ပစ်မှတ်ထား အရေးယူတာဖြစ်ပြီး ICCရဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်း လည်ပတ်မှုတွေ ရပ်ဆိုင်းသွားဖို့ထိ ရည်ရွယ်ထားတာပါ။

ဒါပေမဲ့ အခုနောက်ဆုံး သတ်မှတ်လိုက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ စတင် အသက်ဝင်မလာခင် ဆိုင်းငံ့ကာလ ၆ လကို အမေရိကန်က သတ်မှတ်ပေးထားပါတယ်။ ဒါကြောင့် ICC အဖွဲ့ဝင် နိုင်ငံတွေဟာ အဲဒီကာလ အတော

အတွင်း ICC လုပ်ငန်းလည်ပတ်ဖို့အတွက် ငွေကြေးတွေ ဆက်လက် ထောက်ပံ့ ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကလည်း အမေရိကန်ဖက်က စိုးရိမ်မှုတွေကို အဖွဲ့ဝင် နိုင်ငံတွေက ဖြေရှင်းပေးနိုင်အောင် ကာလတစ်ခု သတ်မှတ်ပေးထားတဲ့ သဘောလို့ အမေရိကန် အစိုးရက ဆိုပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ICCအပေါ် ပိတ်ဆို့ အရေးယူတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တရားမျှတမှုတွေ ရရှိစေရေး စုပေါင်း ကြိုးပမ်းမှုတွေကို ပြင်းထန်စွာ ထိခိုက်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ICCဟာ အဲဒီအားထုတ်မှုတွေအတွက် အခြေခံ အကျဆုံး မဏ္ဍိုင်တစ်ခုလို့ ဂူတာရက်စ်က ဆိုပါတယ်။

ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်နဲ့ နယ်သာလန် နိုင်ငံတွေကတော့ ICCအပေါ် မယိမ်းမယိုင် ဆက်လက် အားပေး ထောက်ခံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ICC ကို ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို တရားစွဲဆိုနိုင်ဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာပါ။ လက်ရှိမှာ အဖွဲ့ဝင်နိုင်ငံ ၁၂၅ နိုင်ငံရှိပေမဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ အစ္စရေးအပါအဝင် အင်အားကြီးနိုင်ငံတချို့တော့ မပါဝင်ကြပါဘူး။

အာဖဂန် စစ်ပွဲမှာ အမေရိကန် စစ်သားတွေရဲ့ လုပ်ရပ်တချို့ကို စုံစမ်းစစ်ဆေးခဲ့ဖူးတာ၊ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေး နိုင်ငံရဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဖမ်းဝရမ်း ထုတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ အစိုးရဟာ ICCအပေါ် အတော်လေး အခဲမကျေပါဘူး။ ဒါပေမဲ့ အခုထုတ်ပြန်တဲ့ ဖမ်းဝရမ်းတွေကို ပယ်ဖျက်စေချင်ရင် နေတန်ညာဟုအတွက် ဖမ်းဝရမ်းကို ရုပ်သိမ်းရမယ် ဆိုတာမျိုးတော့ အမေရိကန်က တောင်းဆိုထားတာ မရှိပါဘူး။

ရူဘီရိုကတော့ ထရမ့်ဟာ အမေရိကန် နိုင်ငံသားတွေအပေါ် ICCက တရားစွဲဆိုတာမျိုးကို လုံးဝ ခွင့်ပြုမယ့်သူ မဟုတ်ဘူးလို့ ဆိုပါတယ်။ ICCက အမေရိကန်အပေါ် ခြိမ်းခြောက်မှုတွေကို မရပ်ဘူးဆိုရင် အမေရိကန်က ICCကို အဆုံးသတ်ပစ်မယ်လို့ ရူဘီရိုက သတိပေးသွားခဲ့ပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက ဒီဇယ်တွေ အမေရိကန်ဆီ တင်သွင်းဝယ်ယူမယ့် သဘောတူညီမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ကို မထောက်ခံတဲ့ အဓိက မြို့ကြီးတွေကို အီရန်က ဖျက်ဆီးရင်တောင် ခွင့်ပြုမယ်လို့ အဓိပ္ပါယ် နှစ်ခွထွက်တဲ့ စကားမျိုး ပြောခဲ့လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကိုအတိုက်အခံ ဒီမိုကရက် ပါတီအမတ်တွေက ဝေဖန်နေကြပါတယ်။

နိုင်ငံတကာ

ဗြိတိန် လေတပ်စခန်းကနေ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ရုပ်သိမ်းခဲ့တာဟာ ခြိမ်းခြောက်မှု အခြေအနေတချို့ ကြုံနေတာကြောင့် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook