Connect with us

Hi, what are you looking for?

News

သေဆုံးဒဏ်ရာရတဲ့စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေကို လာသယ်ရင်း KNLA နဲ့ ထိ​တွေ့ပစ်ခတ်မှုထပ်ဖြစ်

မနေ့ ဒီဇင်ဘာ ၂၆ ရက်က ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကေအဲန်ယူမွေးမြူရေးဇုန်မှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၉ ဦးသေဆုံးခဲ့ကာ ၁၃ ဦး ဒဏ်ရာရရှိသွားခဲ့တာပါ။

ကေအဲန်ယူမွေးမြူရေးဇုန်တိုက်ပွဲမှာ တပ်ရင်းမှုးအပါအဝင် ထိခိုက်သေဆုံးဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်​တွေကို လာသယ်တဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား မနေ့ညပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မနေ့ ဒီဇင်ဘာ ၂၆ ရက်က ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ကေအဲန်ယူမွေးမြူရေးဇုန်မှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၉ ဦးသေဆုံးခဲ့ကာ ၁၃ ဦး ဒဏ်ရာရရှိသွားခဲ့တာပါ။

ဒီလို ထိခိုက်သေဆုံးဒဏ်ရာရတဲ့ သူတွေကို သယ်ဖို့ လာတဲ့ အင်အား ၂၀ ခန့်နဲ့ ကား ၄ စီးပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNLA တပ်မဟာ ၆ တို့ဟာ မနေ့ည ၁၁ နာရီခွဲအချိန်က အာရှလမ်း ကော့နွဲ့တံတားထိပ်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ကားတစ်စီးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့နယ် အာရှလမ်းမမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ကေအဲန်ယူမွေးမြူရေးဇုန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးဒဏ်ရာရတာတွေ များပြားနေလို့ စစ်ကောင်စီက လေကြောင်းပစ်ကူတွေကို ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။