Connect with us

Hi, what are you looking for?

News

CDM ဝန်ထမ်းများကို ဖိနှိပ်သည့် အရာရှိ ၈၀ကျော်ကို အမည်ပျက်စာရင်းသွင်း၊ ရာထူးမှထုတ်ပယ်

အဆိုပါ အရာရှိများသည် CDM ဝန်ထမ်းများကို ဖိအားပေး ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ တရားစွဲခြင်း၊ ပြန်ဆပ်ရန်မလိုသည့် ချေးငွေများကို အတင်း အဓမ္မပြန်လည်ပေးဆောင်းခိုင်းခြင်းစသည့် ဖိနှိပ်မှု မျိုးစုံ ပြုလုပ်နေ၍ ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်း ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် ဆက်လက် လုပ်ကိုင်နေပြီး အာဏာဖီ ဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် ဝန်ထမ်းများကို ဖိနှိပ်နေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ Non CDM ဝန်ထမ်းအရာရှိ ၈၁ ဦးကို အမည်ပျက်စာရင်းသွင်း ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်သည်။

ထုတ်ပယ်ခံရသူများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ဒုညွှန်မှူးများ၊ အင်ဂျင်နီယာချုပ်၊ စစ်ဆေးရေးအရာရှိချုပ်၊ လက်ထောက်ညွှန်ကြားရေးမှူး ၊ အထွေထွေမန်နေဂျာနှင့် ဒုအထွေထွေမန်နေရာ၊ မန်နေဂျာ၊ အင်ဂျင်နီယာမှူး၊ လက်ထောက်အင်ဂျင်နီယာ၊ ဦးစီးအရာရှိ စသည့် အရာရှိများ ပါဝင်သည်။

အဆိုပါ အရာရှိများသည် CDM ဝန်ထမ်းများကို ဖိအားပေး ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ တရားစွဲခြင်း၊ ပြန်ဆပ်ရန်မလိုသည့် ချေးငွေများကို အတင်း အဓမ္မပြန်လည်ပေးဆောင်းခိုင်းခြင်းစသည့် ဖိနှိပ်မှု မျိုးစုံ ပြုလုပ်နေ၍ ယခုကဲ့သို့ အမည်ပျက်စာရင်းသွင်း ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေဖြင့်လည်း CDM မှာ ဝင်ခဲ့သည့် ဝန်ကြီးဌာန မဖွဲ့ရသေးသော ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်နေကြောင်း အသိပေးထားသည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။