Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုယက်ဆူပူမှုတွေအပြီး မီလန်မှာ စစ်တပ်အင်အား ၅၀၀ လောက် ဖြန့်ကျက်ထားဖို့ အီတလီ အစိုးရ စီစဉ်

မီလန်မြို့က ဆန္ဒပြပွဲတွေမှာ အဓိကရုဏ်းဆန်ဆန် သောင်းကျန်းမှုတွေအဖြစ် ပြောင်းလဲသွားခဲ့တဲ့နောက် တပ်အင်အား ၅၀၀ လောက် လုံခြုံရေး ဖြန့်ကျက်ထားဖို့ အီတလီ အစိုးရက ညွှန်ကြားထားပါတယ်။

ဓာတ်ပုံ - Reuters

မီလန်မြို့က ဆန္ဒပြပွဲတွေမှာ အဓိကရုဏ်းဆန်ဆန် သောင်းကျန်းမှုတွေအဖြစ် ပြောင်းလဲသွားခဲ့တဲ့နောက် တပ်အင်အား ၅၀၀ လောက် လုံခြုံရေး ဖြန့်ကျက်ထားဖို့ အီတလီ အစိုးရက ညွှန်ကြားထားပါတယ်။

ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီရဲ့ အစိုးရဟာ မီလန်မှာ စစ်သားတွေ လုံခြုံရေးအတွက် ဖြန့်ကျက်ထားဖို့ အောက်တိုဘာ ၂၀ မှာ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ မီလန်အပါအဝင် အီတလီရဲ့ မြို့ကြီးတချို့မှာ လက်ဝဲစွန်း လူငယ်တွေ ဦးဆောင်တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပျံ့နှံ့ ဖြစ်ပေါ်လာပါတယ်။ မီလန်မှာတော့ တချို့ ဆန္ဒပြသူတွေဟာ ဆူပူသောင်းကျန်းမှုတွေကိုပါ ကျူးလွန်ပြီး စျေးဆိုင်တွေကို လုယက်ဖျက်ဆီးတာတွေပါ ကျူးလွန်လာပါတယ်။

အီတလီ ဒုတိယ ဝန်ကြီးချုပ် အန်တိုနီယို တာဂျာနီက အစိုးရဟာ စစ်သားတွေကို ရဲတပ်ဖွဲ့ လုပ်ပိုင်ခွင့် အာဏာမျိုး ပေးအပ်ပြီး လုံခြုံရေးအတွက် ဖြန့်ကျက်တာမျိုး နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မီလန်ရဲတပ်ဖွဲ့ဟာ မြို့ထဲက ဆူပူသောင်းကျန်းသူ ၂၇၀ လောက်ကို ဖမ်းဆီးခဲ့ပြီး အများစုက အသက်မပြည့်ကြသေးကြောင်း သိရပါတယ်။ အီတလီမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတာဟာ အိမ်နီးချင်း ပြင်သစ်နိုင်ငံမှာ လတ်တလော ကြုံတွေ့နေတဲ့ အခြေအနေတွေနဲ့ ထင်ဟပ် ဆင်တူနေပါတယ်။ ပြင်သစ်က ဆန္ဒပြပွဲတွေကတော့ ပိုပြီး ပြင်းထန်ပါတယ်။

Public Service Announcement

Public Service Announcement

တာဂျာနီက ရဲတပ်ဖွဲ့ အနေနဲ့ ဆန္ဒပြသူတွေထဲကနေ ဆူပူပြီး အဖျက်အမှောင့် ကျူးလွန်မယ်လို့ ယူဆရသူတွေကိုပါ ထိန်းသိမ်းဖို့ အခွင့်အာဏာမျိုး ရရှိလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။ မီလန်ရဲ့ သမိုင်းဝင် နေရာတွေမှာ ဒေသခံတွေနဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ လွတ်လွတ်လပ်လပ် သွားလာလည်ပတ်ဖို့၊ ရောင်းဝယ် ဖောက်ကားဖို့အတွက် လိုအပ်တဲ့ စည်းမျဉ်းတွေကို အစိုးရက ထုတ်ပြန်သွားမယ်လို့လည်း ဒုတိယ ဝန်ကြီးချုပ်က ဆိုပါတယ်။

အီတလီရဲ့ နောက်ထပ် ဒုတိယ ဝန်ကြီးချုပ်ဖြစ်ပြီး လက်ယာစွန်း အာဏာရ ညွန့်ပေါင်း အစိုးရမှာ ပါဝင်နေတဲ့ မက်တီယို ဆယ်လ်ဗီနီကလည်း မီလန်မှာ လုံခြုံရေးအတွက် စစ်တပ်အင်အား ၅၀၀ လောက် ဖြန့်ကျက်မယ့် သတင်းကို ကြိုဆိုကြောင်း လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: Politico

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သူ့အစိုးရရဲ့ စီမံကိုင်တွယ်မှုအပိုင်းမှာ လစ်ဟာမှုတွေ ရှိခဲ့တာကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

အီတလီရဲ့ အဓိက မြို့ကြီးတစ်မြို့ဖြစ်တဲ့ မီလန်မှာ ဆန္ဒပြသူတွေနဲ့ ရောထွေးပြီး မသမာသူတွေက စတိုးဆိုင်တွေကို ဖောက်ထွင်း လုယက်မှုတွေပါ ကျူးလွန်နေပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံက ကျောင်းသား ဆန္ဒပြပွဲတွေအတွင်း အဓိကရုဏ်း နှိမ်နင်းရေး လက်ပစ်ဗုံးကို ကောက်ကိုင်ဖို့ ကြိုးစားသူ ဆယ်ကျော်သက် လူငယ်တစ်ဦး လက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

Facebook