Connect with us

Hi, what are you looking for?

သတင်း

အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ဒေါက်တာစင်သီယာမောင်ကို CRPH ဂုဏ်ပြု

ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ (၁၃) ကြိမ်မြောက် အိုကီနာဝါငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို လက်ခံရရှိခဲ့တဲ့ မယ်တော်ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင် အား လှိုက်လှိုင်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သဝဏ်လွှာ ပေးပို့ပါတယ်။

အောက်တိုဘာ ၂၃၊ ၂၀၂၆။ထားမြတ်/People’s Spring

ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်တဲ့ (၁၃) ကြိမ်မြောက် အိုကီနာဝါငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို လက်ခံရရှိခဲ့တဲ့ မယ်တော်ဆေးခန်းဦးဆောင်သူ ဒေါက်တာစင်သီယာမောင် အား လှိုက်လှိုင်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သဝဏ်လွှာ ပေးပို့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ထိုင်း-မြန်မာနယ်စပ်တွင် မယ်တော်ဆေးခန်းကို တည်ထောင်ပြီး ရွှေ့ပြောင်းလုပ်သားများ၊ စစ်ဘေးရှောင်ဒုက္ခသည်များ၊ မိခင်နဲ့ ကလေးများ၊ ခြေလက်အင်္ဂါများ ရင်းနှီးပေးဆပ်ခဲ့ကြရသော ရဲဘော်များနဲ့ နွမ်းပါးရုန်းကန်နေရသူများအား လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းစဉ်များနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နှစ်ပေါင်း (၄၀) ကျော် လုပ်ဆောင်ခဲ့သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒေါက်တာစင်သီယာမောင်၏ ခေါင်းဆောင်မှု၊ လူသားဆန်သည့် ဂုဏ်အရည်အချင်းများ နှင့် ခွဲခြားဆက်ဆံမှုမရှိသော မွန်မြတ်သည့် လူသားအကျိုးပြု လုပ်ဆောင်ချက်များသည် မျိုးဆက် သစ်လူငယ်များအတွက် အားကျအတုယူဖွယ် ဂုဏ်ထူးဝိသေသများဖြစ်ပါသည်” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အခုအချိန်ထိတိုင် စာနာသောနှလုံးသား၊ ပြည့်ဝသော စိတ်ထားတို့ဖြင့် ဆက်လက် စွမ်းဆောင်ကြိုးစားဆောင်ရွက်နေတဲ့အတွက် ထိုက်တန် စွာ အသိအမှတ်ပြု ဂုဏ်ပြုခံရခြင်းဖြစ်ကြောင်း ဒေါက်တာစင်သီယာမောင် ဆုရရှိမှုအပေါ် CRPHက ဂုဏ်ပြုပါတယ်။

ချီးမြှင့်ခံရတဲ့ ငြိမ်းချမ်းရေးဆုဟာ ဒေါက်တာစင်သီယာမောင်အပါအဝင် သူမတည်ထောင်ထားသော မယ်တော်ဆေးခန်းမိသားစုများနဲ့ ဝန်းရံကူညီပူးပေါင်းလုပ်ဆောင် နေကြသော ပုဂ္ဂိုလ်များရဲ့ စုစည်းညီညွတ်မှုအင်အားတစ်ရပ်ကိုလည်း ဂုဏ်ပြုဖော်ညွှန်းလျက် ရှိကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒေါက်တာ စင်သီယာမောင်သည် အနာဂတ်တွင်လည်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ လုပ်ငန်းစဉ်များနဲ့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်အောင်မြင်စွာ ကြိုးစားလုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း CRPHက သဝဏ်လွှာပေးပို့ပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒေါက်တာစင်သီယာမောင် ဆုရရှိမှုအပေါ် ဂုဏ်ပြုကြောင်း အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဒေါက်တာစင်သီယာမောင်ရဲ့ ဦးဆောင်မှု၊ နှိမ့်ချရိုးသားမှုနဲ့ မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိဘဲ ကျန်းမာရေးလိုအပ်ချက်အပေါ် အခြေခံ၍ လူတိုင်းကို စောင့်ရှောက်ပေးရန် ခိုင်မာစွာ ရပ်တည်ဆောင်ရွက်မှုတို့ကို အထူးလေးစားတန်ဖိုးထားကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။

သတင်း

ထိုင်း-မြန်မာအခြေစိုက်ထင်ရှားတဲ့ပရဟိတ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ စင်သီယာမောင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အားထုတ်ကြိုးစားမှုတွေကို ကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကို နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ရဲ့ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း IPUက ဒီကနေ့ ကျင်းပတဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ CRPHက အသိပေးပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။