Connect with us

Hi, what are you looking for?

သတင်း

ကလောနဲ့ မော်လမြိုင်မှာ Express ကားနဲ့ ဘုရားဖူးကားတိမ်းမှောက်မှုတွေ ဖြစ်ပွားပြီး ခရီးသည် ၁၇ ဦး ဒဏ်ရာရ

​သီတင်းကျွတ်ရုံးပိတ်ရက်အစမှာပဲ ဒီကနေ့ မနက်ပိုင်းက ကလောနဲ့ မော်လမြိုင်မြို့တို့မှာ အမြန်ခရီးသည်တင်ယာဉ် (Express) နဲ့ ဘုရားဖူးကားတိမ်းမှောက်မှုတွေ ဖြစ်ပွားခဲ့ရာ ခရီးသည် စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသတွင်းလူမှုကူညီရေးအဖွဲ့​တွေဆီက သိရပါတယ်။

(တိမ်းမှောက်ခဲ့သည့် ဟိုက်ဂျက်ယာဥ်ကို တွေ့ရစဥ်။ ဓါတ်ပုံံ-Zaw Moe Facebook)

အောက်တိုဘာ-၂၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

​သီတင်းကျွတ်ရုံးပိတ်ရက်အစမှာပဲ ဒီကနေ့ မနက်ပိုင်းက ကလောနဲ့ မော်လမြိုင်မြို့တို့မှာ အမြန်ခရီးသည်တင်ယာဉ် (Express) နဲ့ ဘုရားဖူးကားတိမ်းမှောက်မှုတွေ ဖြစ်ပွားခဲ့ရာ ခရီးသည် စုစုပေါင်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသတွင်းလူမှုကူညီရေးအဖွဲ့​တွေဆီက သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၄ ရက် မနက် ၄ နာရီ ၄၅မိနစ်ခန့်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်တောင်ကျေးရွာအုပ်စု၊ သီခေါင်တောင်အဆင်းလမ်းမှာ Express ခရီးသည်တင်ယာဉ် ၁စီး လမ်းဘေးထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူမှုကူုညီရေးအဖွဲ့တွေက အသိပေးပါတယ်။

“JJ Express ကားပါ။ မန္တလေးကနေ တောင်ကြီးတက်တာ။ ချောက်ထဲထိုးကျတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ Express ယာဥ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၂၀)ဦးအနက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နဲ့ အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ကို တောင်ကြီးမြို့၊ စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အလားတူ ဒီကနေ့မနက် (၆) နာရီခန့်ကပဲ မော်လမြိုင်-မုဒုံသွားလမ်းမကြီးပေါ်၊ ကြားအင်းရပ်ကွက်၊ ကုတင်(၃၀၀) ဆေးရုံအနီးမှာ ဟိုက်ဂျက်ကား ၁စီး ဘီးပေါက်ကာ လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ကြောင်း ဒေသတွင်း လူမှုကူုညီရေးအဖွဲ့တွေက အသိပေးပါတယ်။

အဲဒီကားဟာ မော်လမြိုင် ခရွမ်းရှမ်းရွာကနေ ကျိုက်ခမီ ဘုရားဖူးသွားမယ့် ယာဥ်ဖြစ်ပြီး ယာဥ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား (၃)ဦး အမျိုးသမီး (၄)ဦးနဲ့ ကလေး(၄)ဦး စုစုပေါင်း(၁၁)ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း လူမှုကူုညီရေးအဖွဲ့တွေက ထပ်မံအသိပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကို ကုတင်(၃၀၀)ဆေးရုံကြီးနဲ့ မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ဟာ လာမယ့် အောက်တိုဘာ ၂၆ရက်မှာ ကျရောက်တာဖြစ်ပြီး ယနေ့ကတည်းက ကျိုက်ထီးရိုး၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ တောင်ကြီး၊ အင်း​လေး စတဲ့ဒေသတွေကို ခရီးသွားတွေ လာရောက်နေကြပြီး ဟိုတယ်တွေ ပြည့်တဲ့အထိ ဧည့်များနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့မှာကလောချောင်းရေတက်နေပြီး အနိမ့်ပိုင်းရပ်ကွက်တွေရှိလူနေအိမ်အချို့ရေဝင်နေသလို ကားလမ်းရေကျော်တာတွေလည်းဖြစ်နေတယ်လို့ လူမူကူညီရေး လုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဆိုင်ကယ်ကယ်ရီမောင်းသူ ၁ဦး ပစ္စည်းလုယက်ပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။