Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ပေးရန် ကုလနှင့်နိုင်ငံတကာကို NUCC တောင်းဆို

ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိနေသည့် အလေ့အထားအား ရပ်တန့်နိုင်ရေန် စစ်ကောင်စီကို နိုင်ငံတကာခုံရုံးအသီး သီးတွင် ထိရောက်ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန်လည်း NUCCက နိုင်ငံတကာ အဖွဲ့အစည်းများထံ တောင်းဆိုခဲ့သည်။

People's Spring
People's Spring

▪️ပြည်သူအပေါ်စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ထပ်တလဲလဲကျူးလွန်နေမှုအ​ပေါ် အရေးယူပေးရန် ထုတ်ပြန်

မြန်မာနိုင်ငံအတွင်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများကို ထပ်တလဲလဲ ကျူးလွန်နေသော စစ်ကောင်စီအား အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများအား တောင်းဆိုကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံနှင့် ပြည်သူကို အကြောက်တရားဖြင့် ထိန်းချုပ် နိုင်ရန်ရည်ရွယ်၍အရပ်သားများကို အဓိကပစ်မှတ်ထားကာရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းနှိပ်စက်ခြိမ်း ခြောက် သတ်ဖြတ်မှုများ လုပ်ဆောင်လာခြင်းအပေါ် NUCCက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိနေသည့် အလေ့အထားအား ရပ်တန့်နိုင်ရေန် စစ်ကောင်စီကို နိုင်ငံတကာခုံရုံးအသီး သီးတွင် ထိရောက်ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး ဆောင်ရွက်ပေးရန်လည်း NUCCက နိုင်ငံတကာ အဖွဲ့အစည်းများထံ တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို ခံစားနေရသည့် ဒေသများတွင် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ရေးနှင့်စစ်ကောင်စီအား လက်နက်တင်ပို့မှု ပိတ်ဆို့ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား တောင်းဆိုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များအား ထိရောက်လျင်မြန်သည့် လူသားချင်း စာနာမှု အကူအညီများပံ့ပိုးပေးရန် NUCCက နိုင်ငံတကာ အသိုင်းအ၀ိုင်း ထံ တောင်းဆိုခဲ့သည်။

စစ်ကောင်စီသည် အာဏာသိမ်းကာလ ၁၁လ ကြာမြင့်ချိန်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူ လူထုအား ဦးခေါင်းတည့်တည်ကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ကားဖြင့် တိုက်၍ ဖြိုခွင်းခြင်း၊ ကျန်မိသားစုဝင်များအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ ပြည်သူများအား အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒေသခံ ပြည်သူများ၏ စိုက်ခင်းများ သိုလှောင်ထားသည့် စားနပ်ရိက္ခာများအား မီးရှို့ဖျက်ဆီးခြင်း နှင့် အတင်းအဓမ္မ လုယက်ခြင်းတို့ကို ပိုမိုဆိုးရွားစွာ ကျူးလွန်လာကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်သည်။

ထို့ပြင်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဒုန်းတောရွာ၌ အပြစ်မဲ့ ပြည်သူ ၁၁ဦး နှင့် ကရင်နီ ပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးတွင် အပြစ်မဲ့ ပြည်သူ ၃၅ဦး တို့အား အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များကို NUCCက မီးမောင်းထိုးဖော်ပြခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်နေသည့် ရာဇ ဝတ်မှုများ အမြန်ဆုံး ရပ်တန့်နိုင်ရေးအတွက် NUCC အနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သန္နိဌာန်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အတူ အမျိုးသားညီညွတ်ရေး အစိုးရ၊ စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံဖြင့် ခုခံတွန်းလှန်နေသော အဖွဲ့အစည်းများ၊ ပြည်သူများသည်လည်း NUCCနှင့် ညီညွတ်စွာ လက်တွဲ၍ ဟန်ချက်ညီညီ ဆက်လက် တိုက်ပွဲဝင်ကြရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။