Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်အဆင်းလမ်းမှာအဝေးပြေးကား ချောက်ထဲကျ

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲပြုတ်ကျသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ – ၂၄ ၊၂၀၂၆

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲပြုတ်ကျသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ညနေပိုင်း ၆ နာရီ ၅ မိနစ်ခန့်က အဲဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ။

“ရုံးပိတ်ရက်စပြီဆိုတော့ ပြင်ဦးလွင်ကိုအတက်ကားတွေအရမ်းများနေတာ၊ ည၈နာရီထိကိုကယ်ဆယ်ရေးတွေလုပ်နေတာ”လို့ ပြင်ဦးလွင်ကနေဆင်းလာတဲ့ ခရီးသည်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ချောက်ထဲကျသွားတဲ့ ခရီးသည်တင်အဝေးပြေးကားဟာ ပြင်ဦးလွင်ကနေ ဆင်းလာတာလို့သိရပါတယ်။ ကားပေါ်မှာ ခရီးသည်တွေ ပါလာပြီးထိခိုက် မှုအခြေအနေကိုတော့အသေးစိတ်မသိရသေးပါဘူး။

ခရီးသည်တင်ကားဟာယာဉ်တိုက်မှု ဖြစ်ပြီး လမ်းဘေးချောက်ထဲ ကျသွားတာလို့ ကနဦးသိရပါတယ်။

အခင်းဖြစ်တဲ့နေရာအနီးမှာလည်း အိမ်စီးကားတစ်စီး အတိုက်ခံထားရတာကိုတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲကျသွားတဲ့ဖြစ်စဉ်မှာ သေဆုံးသူ ၁၂ဦးထိရှိခဲ့တယ်လို့သိရပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ Express ကားနဲ့ အိမ်စီးကားတိုက်မိပြီး Express ကားချောက်ထဲကျကာ ခရီးသည်သေဆုံးထိခိုက်သူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်မှာ ဒီနေ့မနက် (အောက်တိုဘာ ၁၀) နံနက်က EV ကား ၁စီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ဝင် တိုက်မိရာ လူ ၂ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က 7Glory ဖုန်းဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။