အောက်တိုဘာ – ၂၄ ၊၂၀၂၆
မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲကျသွားတဲ့ဖြစ်စဉ်မှာ သေဆုံးသူ ၁၂ဦးထိရှိခဲ့တယ်လို့သိရပါတယ်။
ချောက်ထဲကျသွားတဲ့ ခရီးသည်တင်အဝေးပြေးကားနဲ့ တိုက်ခဲ့တဲ့ အိမ်စီးကားရဲ့ယာဉ်မောင်းအပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံးသွားတာပါ။
သေဆုံးသူတွေဟာ ခရီးသည်တင်ကားပေါ်က ၁၁ ဦး၊ အိမ်စီးကားက ယာဉ်မောင်းတစ်ဦး တို့ဖြစ်တယ်လို့ ဖြစ်စဉ်မှာ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement
ခရီးသည်တင်ကားပေါ်မှာ ၂၈ ဦးလိုက်ပါလာတာပါ။
ဒီနေ့ညနေပိုင်း ၆ နာရီ ၅ မိနစ်ခန့်က အဲဒီဖြစ်စဉ်ဖြစ်ခဲ့ပြီး ချောက်ထဲကျသွားတဲ့ခရီးသည်တင်ကားမှာပါသွားသူတွေကိုသုံးနာရီနီးပါးကြာကယ်ထုတ်ခဲ့ရတာပါ။
ချောက်ထဲကျသွားတဲ့ ခရီးသည်တင်အဝေးပြေးကားဟာ ပြင်ဦးလွင်ကနေ ဆင်းလာတာလို့သိရပါတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်လိုက်ပြီလို့သိရပါတယ်။

















































