Connect with us

Hi, what are you looking for?

သတင်း

CI စင်တာမှာ မြန်မာစစ်တပ်ကိုယ်စားလှယ်​တွေရဲ့ခြိမ်းခြောက်တာခံခဲ့ရတဲ့ထိုင်းသတင်းထောက်က လွှတ်​တော်ကိုတိုင်ကြား

ထိုင်း​ရောက်မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးရာ စင်တာမှာအာဏာသိမ်း မြန်မာစစ်တပ်ကခန့်ကိုယ်စားလှယ် ဆိုသူက ခြိမ်းခြောက်တာ ခံခဲ့ရတဲ့အပေါ် ထိုင်းအလွတ်တမ်း သတင်းထောက်က သက်ဆိုင်ရာကို တိုင်ကြားထားလိုက်ပါတယ်။

ဓါတ်ပုံ-The Reporters

​အောက်တိုဘာ-၂၈၊၂၀၂၆။People’s Spring

ထိုင်း​ရောက်မြန်မာလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်​ကြောင်းသက်​သေခံလက်မှတ် (CI) ထုတ်ပေးရာ စင်တာမှာအာဏာသိမ်း မြန်မာစစ်တပ်ကခန့်ကိုယ်စားလှယ် ဆိုသူက ခြိမ်းခြောက်တာ ခံခဲ့ရတဲ့အပေါ် ထိုင်းအလွတ်တမ်း သတင်းထောက်က သက်ဆိုင်ရာကို တိုင်ကြားထားလိုက်ပါတယ်။

ထိုင်းသတင်းထောက် နတ်တာပေါ့ ဆန်ကက်တူ (ခေါ်) ပေါ့ဒ်နာသက်ဟော့ဘ်ဟာ စမွတ်ပရာကန် ပြည်နယ်က CI စင်တာမှာ သတင်းယူပြီး ဓာတ်ပုံရိုက်တဲ့အချိန် စစ်​ကောင်စီရဲ့ အရာရှိ ဆိုသူတစ်ဦးက သူ့ကို တားဆီးခဲ့ပြီး ခြိမ်းခြောက်ပြောဆိုတာ၊ မှတ်ပုံတင်နဲ့ ကင်မရာထဲက ဓာတ်ပုံတွေကို စစ်ဆေးတာတွေ လုပ်ခဲ့ကြောင်း ပြောပါတယ်။

သတင်းထောက်က အောက်တိုဘာ ၂၁ ရက်နေ့မှာ တွေ့ကြုံခဲ့တာတွေကို Facebookပေါ်မှာ မျှဝေ ရေးသားခဲ့တဲ့နောက် အများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သတင်းထောက် ပေါ့ဒ်က အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လက်ဝေခံတွေ ကြီးစိုးနေရာ CI စင်တာတွေမှာ ရှိနေနိုင်တဲ့ အဂတိမှု၊ ခေါင်းပုံဖြတ်မှုတွေကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ ထိုင်းအောက်လွှတ်တော်ရဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူထုဆက်သွယ်ရေးနဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်မှုဆိုင်ရာ ကော်မတီက အဲဒီကိစ္စနဲ့ပတ်သက်လို့ပေါ့ဒ်ဆီကတိုင်ကြားစာကို လက်ခံရရှိထားကြောင်း အတည်ပြုခဲ့ပါတယ်။ ပြီးတော့ ဒီကိစ္စအတွက် သက်ဆိုင်ရာ ဌာနတွေ၊ အဖွဲ့အစည်းတွေကို ခေါ်ယူ ရှင်းလင်းစေဖို့လည်း ကော်မတီက စီစဉ်နေပါတယ်။

ထိုင်းအလွတ်တန်းသတင်းထောက်ဟာ အောက်တိုဘာ ၂၁ ရက်ကCI စင်တာ သတင်းယူနေစဉ် အရပ်ဝတ်အမျိုးသားတစ်ဦးက ခြိမ်းခြောက်တားဆီးခဲ့ကြောင်း၊ အဆိုပါအမျိုးသားက မြန်မာအစိုးရအတွက် အလုပလုပ်နေသူဖြစ်ကြောင်းပြောဆိုကာ ၎င်းရဲ့မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ယူပြီး အထက်အရာရှိထံ ပေးပို့မယ်လို့ပြောခဲ့တယ်လို့တိုင်ကြားထားပါတယ်။

ကော်မတီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ချွန်နက် ကို့ကွန်းက ထိုင်းအလွတ်တမ်း သတင်းထောက် ကြုံခဲ့တဲ့ ဖြစ်ရပ်ဟာ ပုဂ္ဂိုလ်ရေး လုံခြုံခွင့်ကိုရော၊ ပြည်သူတွေရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကိုပါ ထိခိုက်စေကြောင်း ပြောကြားခဲ့ပါတယ်။ သူက ပေါ့ဒ်ကို ခြိမ်းခြောက်ပြီးဓာတ်ပုံတွေ ဖျက်ပေးဖို့ တောင်းဆိုခဲ့တဲ့ မြန်မာ အာဏာပိုင်ဆိုသူ ဘယ်သူလဲဆိုတာ စုံစမ်း စစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်းရဲ့အတိုက်အခံ ပြည်သူ့ပါတီ (PP) အမတ်တစ်ဦးဖြစ်တဲ့ ဆတ်ဝမ်ခွမ့်ခေါင်က CI စင်တာတွေနဲ့ အလုပ်သမား မှတ်ပုံတင်ရေး ဌာနတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ၊ ပွဲစားခ ကောက်ခံတာတွေ ရှိနေတဲ့အပြင် တရားဝင် အလုပ်သမားတွေ မှတ်ပုံတင်ဖို့ အခက်တွေ့အောင် ဖိနှိပ်မှုတွေကြောင့် မြန်မာလုပ်သားတွေ အများအပြား တရားမဝင် အလုပ်လုပ်တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

CIစင်တာတွေက မြန်မာ အာဏာပိုင်တွေ ကိုင်တွယ်နေတာဖြစ်ပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ ဝန်ကြီးဌာန ဖြေရှင်းချက်ကိုလည်း ဆတ်ဝမ်က ဝေဖန်ခဲ့ပြီး ထိုင်းပိုင်နက်ထဲမှာ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုက လွတ်လွတ်လပ်လပ် လုပ်ချင်တိုင်းလုပ်ပြီး အာဏာပြခွင့် ရနေသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အဲဒါဆိုရင်တော့ ဒီကိစ္စဟာ သတင်းထောက်တွေကို ခြိမ်းခြောက်ခံရတဲ့ ပြဿနာတင် မကတော့ဘဲ ထိုင်းရဲ့ အချုပ်အခြာ အာဏာကို စွက်ဖက် ခြိမ်းခြောက်မှုထိ ဖြစ်လာကြောင်း၊ CI စင်တာကြောင့် ထိုင်းနိုင်ငံသားတွေကို ထိခိုက်လာစေနိုင်ပြီး ထိုင်းအစိုးရ အနေနဲ့ အလေးအနက် သတိထားဖို့လိုကြောင်း သူက ပြောကြားသွားပါတယ်။

ထိုင်းသတင်း​ထောက်က လွှတ်​တော်ကိုသွား​ရောက်မတိုင်ကြားခင်မှာသူရဲ့လုံခြုံ​ရေး ၊ သတင်းရယူခွင့် ၊သတင်းမီဒီယာလွတ်လပ်ခွင့် အတွက် နဲ့ စစ်​ကောင်စီကိုထိုင်းနိုင်ငံထဲဝင်​ရောက်ပြီး လုပ်ကိုင်ခွင့်​ပေးတာ ၊ပွဲစား​တွေကအမြတ်ထုတ်​နေတာ​တွေအ​ပေါ် စုံစမ်းအ​ရေးယူ​ပေးဖို့ဖြစ်တယ်လို့ သူ့ရဲ့​ဖေစ်ဘွခ်မှာ​ရေးသားထားပါတယ် ။ ဒါအပြင် သူအ​နေနဲ့ လွှတ်​တော်ကိုသွားပြီး မတိုင်ကြားဖူးလို့ သူ့ကိုလာ​ရောက်ကူညီ​ပေးကြဖို့​ရေးသားထားတာကိုလည်း​တွေ့ရပါတယ်။

ကိုးကား -The Reporters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအယာတွေ ပြသမှု၊ ဝတ္တရား နှောင့်ယှက်မှုတွေအတွက် အစ္စရေး အမျိုးသမီး တစ်ဦးရဲ့ ဗီဇာကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ရှားပါးပြီး ဥပဒေအရ ကာကွယ်ပေးထားတဲ့ ပန်ဒါနီလေး တစ်ကောင်ကို မှောင်ခိုသယ်ယူဖို့ ကြိုးစားခဲ့သူ နှစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

သတင်း

မြန်မာကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေကို ကူးယူထားကြောင်း စွပ်စွဲ ဝေဖန်မှုတွေ ကြုံနေတဲ့ ထိုင်းရုပ်မြင်သံကြား စီးရီးနဲ့ ပတ်သက်လို့ ဖျော်ဖြေရေး ကုမ္ပဏီ GMMTV က ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး