Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ စစ်ရေးအရအရေးပါတဲ့ စကခ(၂၁)အနောက်ခြမ်းက မိုးစိန်းကျွန်းကို KIA ထိုးစစ်ဆင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဂေါ်ရခါးတပ်ရဲ့ တပ်မှူးကို ဗန်းမော်မြို့စစ်မျက်နှာပြင်မှာ တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar)

အောက်တိုဘာ ၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

ဗန်းမော်မြို့ရှေ့တန်းအတွက် အရေးကြီးတဲ့နေရာဖြစ်တဲ့ မိုးစိန်းကျွန်းကို KIA ပူးပေါင်းတပ်တွေထိုးစစ်ဆင် တိုက်ခိုက်နေတာ တပတ်ခန့်ကြာပြီဖြစ်ပြီး စစ်တပ်ကလည်း လေယာဉ်တွေ အသုံးပြု ခုခံတိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။

မိုးစိန်းကျွန်းထိုးစစ်ကို KIA တပ်မဟာ(၅)နဲ့ တပ်မဟာ(၈) တပ်တွေက စစ်ရေးဖော်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ စစ်တပ်ကလည်း ဗန်းမော်မြို့အခြေစိုက် ခလရ(၄၇)တပ်ရင်း အနီးဝန်းကျင်က KIA တပ်စွဲထားတဲ့ နေရာတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဖော်ပြပါတယ်။

ခလရ(၄၇)တပ်ရင်း အနီးဝန်းကျင်က ကျေးရွာတွေဘက်ကို စစ်တပ်က လက်နက်ကြီး ဒရုန်းတွေအသုံးပြုကာ ခြေလျင်ကနေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာဖြစ်ကြောင်း အသိပေးထားပါတယ်။

စစ်တပ်က ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းပြီး မြေပြင်ထိုးစစ်တွေ ဆက်တိုက်ပြုလုပ်နေချိန်မှာ KIA ပူးပေါင်းတပ်ကလည်း စကခ(၂၁)ကို တန်ပြန်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

KIAဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာကတည်းက ဖော်ဆောင်နေတာဖြစ်ပြီး

တိုက်ပွဲဟာ ၂နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။ လက်ရှိ ဗန်းမော်မြို့ပေါ်မှာ နှစ်ဖက်တပ်တွေ ရောထွေးတည်ရှိနေပြီး စစ်တပ်ကလည်း မြို့မကျရေး KIA ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေ လေယာဉ်နဲ့ တိုက်ခိုက်ဖျက်ဆီးနေသလို KIA ပူးပေါင်းတပ်ကလည်း စစ်တပ်ရဲ့ နည်းမျိုးစုံအင်အားဖြည့်တင်းမှုတွေကို ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

စက်တင်ဘာအတွင်းကဆိုရင် စစ်တပ်က သင်္ဘောအုပ်စုနဲ့ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းခဲ့ရာ KIA ကြားဖြတ်တိုက်ခိုက်လို့ ဗန်းမော်နဲ့ ရွှေကူအကြား အစုန်အဆန် ပြုလုပ်ခဲ့တဲ့ စစ်တပ်သင်္ဘော အစီး ၂၀ ခန့် ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIAက အသိပေးထားပါတယ်။ အဲဒီလို တိုက်ခိုက်ဖျက်ဆီးခံရတဲ့ ကြားက စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အား ၁၀၀၀ ကျော်လောက်ဖြည့်တင်းနိုင်ခဲ့ပြီး မြေပြင်ထိုးစစ်တွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တွေမြို့အနီးဝန်းကျင်ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်ဆုံရာမှာ နေရာယူပြီး အရပ်သားလူနေကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ နေ့ညမပြတ်ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောကြီး ၃ စီးကို အာရ က္ခတပ်တော်(AA)က ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

သတင်း

နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ဆန်းဝင်းလည်း​​​ပျောက်ဆုံး​နေသလို အင်း​တော်တိုက်ပွဲ​တွေမှာ စစ်တပ်အရာရှိအများအပြား​သေဆုံး