အောက်တိုဘာ-၂၉၊၂၀၂၆။ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။
တလုပ်မြို့ရွာ တောင်ပိုင်းမှာတပ်စွဲထားတဲ့ စစ်တပ်ဟာ အောက်တိုဘာ၂၈ရက် မနက်၁၁နာရီ လောက်မှာအင်အား ၈၀ကျော်နဲ့ တလုပ်မြို့ရဲ့ မြောက်ဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ထွက်လာတယ်လို့ သိရပါတယ်။စစ်ကြောင်း မထွက်လာရင် ဒရုန်းတွေနဲ့ ဆက်တိုက်ဗုံးကြဲပြီးနောက်မှာ မြေပြင်စစ်ကြောင်းထွက်လာတာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ မိုင်းဆွဲခံရပြီး ထိခိုက်မှုများသလို တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
မိုင်းဆွဲခံရမှုနဲ့ တိုက်ပွဲအတွင်း စစ်တပ်က ၁၅ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၂၀ခန့်ရှိတယ်လို့ ဓားစာခံဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေရဲ့ ပြောကြားချက်အရသိရကြောင်း တလုပ် PDFတာဝန်ရှိသူက ပြောပါတယ်။
“စကစက အနောက်ပြန်ဆုတ်တာတချို့လည်း ရှိတယ်။မြို့မဝန်းကျင်မှာလည်းရှိတယ်။ကျွန်တော်ထင်တာတော့အထိခိုက်များသွား တော့ သူတို့ပြန် ကောက်တာ တွေလည်းရှိတယ်။ထိခိုက်ဒဏ်ရာတွေလည်းရ တော့ ဒီဘက်ကအတင်းပြန်ထိုးမှာမို့ အတင်းဖိတယ်လို့ မြင်တယ်”လို့တလုပ် PDFတာ ဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲတွင်းမှာ စစ်တပ်က ဂျက်ဖိုက်တာ ၁စီး၊Mi-35 ၁စီး၊ဒရုန်း ၅စီးနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်လည်း တလုပ်မြို့အတွင်းက စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွေဘက်ကို ဗုံးလာကြဲတာမို့ ပြည်သူတွေရဲ့ ခိုင်းနွား ၂ကောင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။





















































