Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက သမိုင်းဝင်စီးတော်မြင်းဝန်ကျောင်း မီးလောင်၊ သံဃာ ၂ ပါး ဒဏ်ရာရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

(မီးလောင်ကျွမ်းပျက်စီးခဲ့သော ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ-မီးသတ်နဲ့ Mani Sala)

နိုဝင်ဘာ ၁၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁ ရက် မနက် ၁ နာရီခွဲခန့်က မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆လမ်းနဲ့ ၃၇ လမ်းကြား၊ ၇၁လမ်းနဲ့ ၇၂ လမ်းကြားက ရှေးဟောင်းသမိုင်းဝင် စီးတော်မြင်းဝန်ကျောင်းတိုက် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီမီးလောင်မှုကြောင့် ဘုန်းကြီးကျောင်း အဆောင် ၃ ဆောင်နဲ့ ပြင်ပကနေ လာထားတဲ့ ကား ၃ စီးပါ မီးလောင်ပျက်စီးခဲ့ပြီး သံဃာတော် ၂ ပါး ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။ “ဦးဇင်း ၂ ပါး ဒဏ်ရာရထားတယ်။ ဆေးရုံပို့ထားတယ်။ ကားက အိမ်စီးကား ၂စီး၊ Hiject ၁စီး။ နောက်ထပ်တစ်စီးက ရှေ့ခြမ်းလောင်သွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်ခဲ့တဲ့ ကားတွေဟာ ပြင်ပနေအိမ်တွေကနေ ညရပ်နားစရာ နေရာမရှိလို့ လာထားတဲ့ ကားတွေဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှူ ဘယ်ကနေစဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

စီးတော်မြင်းဝန်ကျောင်းကို သက္ကရာဇ် ၁၁၉၉-၁၂၀၈ ခုနှစ်မှာ နန်းတက်ခဲ့တဲ့ အမရပူရ ရွှေမြို့ ရွှေနန်းတည် မင်းတရားကြီးလက်ထက်က စီးတော်မြင်ဝန်မင်းကြီး မဟာမင်းလှသင်္ခယာ ဆောက်လုပ်လှူဒါန်းခဲ့တဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။

စတင် ဆောက်လုပ်လှူဒါန်းစဉ်က အမရပူရမြို့ အရှေ့ပြင်မှာ တည်ထားဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး ကျောင်းတိုက်ရဲ့ ဒါယကာ အမည်ကို အစွဲပြုကာ စီးတော်မြင်းဝန်တိုက်လို့ အမည်တွင်ခဲ့ပါတယ်။

မူလ စီးတော်မြင်းဝန်တိုက်ဟာ အမရပူရ အရှေ့ပြင်မှာတည်ရှိခဲ့ရာက မင်းတုန်းမင်းက ရတနာပုံ မန္တလေး မြို့သစ် နန်းသစ် တည်တဲ့အခါ မန္တလေ သို့ ပြောင်းရွေ့ခဲ့ရပါတယ်။ စီးတော်မြင်းဝန် ၊ ဆီးဘန္နီ ၊ ဗန်းမော်တိုက်တွေဟာ အမရပူရအရှေ့ပြင်မှ ယခု မန္တလေးတက္ကသိုလ်ဝင်းအတွင်း အရှေ့ ၊ အနောက်တန်းစီပြီး ရွေ့ပြောင်းတည်ထောင်ခဲ့ကြပါတယ်။ စီးတော်မြင်းဝန် တိုက်ဟာ ညောင်ပင်ဝိုင်း ( ယခု မန္တလေးအဝေးသင်တက္ကသိုလ်) နေရာ ဖြစ်ပါတယ်။

အဲဒီနောက် မြန်မာဘုရင် ပါတော်မူပြီး ဗြိတိသျှအစိုးရ လက်ထက် ၁၉၃၈ ခုနှစ်ခန့်မှာ အဂ်လိပ်အစိုးရ က စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ စိုက်ပျိုးရေးနယ်မြေ ပြုလုပ်ဖို့အတွက် စီးတော်မြင်းဝန်တိုက်အား ပြောင်းရွေ့စေပြန်ရာ ယခု လက်ရှိ မဟာနွယ်စဉ်ရပ်ကွက်ကို ပြောင်းရွေ့ပေးခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

စစ်တပ် အာဏာသိမ်းထားတဲ့ကာလထဲမှာပဲ ၆ ကြိမ်မြောက် သီတင်းကျွတ်ကာလ ရောက်ရှိခဲ့ပါပြီ။ ဒီနှစ်မှာ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ အသွားအလာ များကြသလို ယာဉ်တိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်...

သတင်း

မကွေးမြသလွန်ဘုရားပွဲမှာ ဂေါပကအဖွဲ့လွှတ်တင်တဲ့ မီးပုံးပျံက ယမ်းစပြုတ်ကျပြီး နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။