Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းမှာ စစ်ရေးငြိမ်သက်နေစဉ်စစ်တပ်ကအင်အားဖြည့်နေ

ဧရာဝတီတိုင်းမှာ ယခုရက်ပိုင်းတိုက်ပွဲ ပြင်းထန်ခြင်းမရှိပေမယ့် စစ်တပ်က ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းကို ချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းကိုအသုံးပြုပြီးဆက်တိုက်အင်အားဖြည့်နေပါတယ်။

(မုံရွာ-မန္တ​လေးလမ်း​ပေါ်မှာ စစ်တပ်ကားတန်းကို​အောက်တိုဘာလက တွေ့ရစဥ်် ။ဓါတ်ပုံ-CJ)

​နိုဝင်ဘာ-၁၊၂၀၂၆။မိထက်/People’s Spring

ဧရာဝတီတိုင်းမှာ ယခုရက်ပိုင်းတိုက်ပွဲ ပြင်းထန်ခြင်းမရှိပေမယ့် စစ်တပ်က ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းကို ချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းကိုအသုံးပြုပြီးဆက်တိုက်အင်အားဖြည့်နေပါတယ်။

ရန်ကုန်-ပုသိမ်လမ်းနဲ့ ရန်ကုန်-ဟင်္သာတလမ်းပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၅ရက်ကနေ ၃၁ရက်အတွင်း စစ်မှုထမ်းစစ်သားသစ်(ပစ)တွေတင်ဆောင်သွားတဲ့ စစ်ကားအစီးရေ ၁၀၀ ကျော်အပြင် စစ်တပ်လုံခြုံရေးယူပြီး စက်သုံးဆီတင်ကားတွေလည်း ဖြတ်သန်းမောင်းနှင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရန်ကုန်ကနေ အဓိကပို့နေတာ။ဗိုလ်မြတ်ထွန်းတံတားကျတော့ နှစ်သုတ်ခွဲသွားတယ်။ ကားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ လက်နက်ခဲယမ်းတွေပါတယ်။တိုက်ပွဲကတော့ ဒီရက်ပိုင်းဧရာဝတီဘက်မှာငြိမ်နေတယ်။ ပြင်းပြင်းထန်ထန်ဖြစ်သံမကြားရဘူး”လို့ ဧရာဝတီတိုင်း၊ မြန်အောင်မြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လှိုင်သာယာမြို့နယ်က ဒဂုံဧရာအဝေးပြေးဂိတ်အနီးမှာ အမှတ်(၉) ရဲလေ့ကျင့်ရေးတပ်ရှိပြီး စစ်ကောင်စီက အဲဒီကနေတဆင့် ဧရာဝတီတိုင်းထဲကို လူအင်အားနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေတယ်လို့သတင်းရရှိပါတယ်။

စစ်တပ်က ဒေသအချို့မှာရှိနေတဲ့စစ်ဆေး ရေးဂိတ်တွေကို ပြီးခဲ့တဲ့အောက်တိုဘာလဆန်းမှာ ဖြုတ်သိမ်းခဲ့ပေမယ့် ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းကိုချိတ်ဆက်ထားတဲ့အဝေးပြေးလမ်းမတလျှောက်က စစ်ဆေးဂိတ်တွေကို​တော့ ဖယ်ရှားခြင်းမရှိသေးပါဘူး။ ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းအစပ်မှာအဓိကစစ်ဆေးရေးဂိတ်သုံးခု ဖွင့်ထားပြီး စစ်ဆေးရေးတင်းကြပ်ထားပါတယ်။

ရန်ကုန်တ်ိုင်းနဲ့ဧရာဝတီတိုင်းဆက်သွယ်ထားတဲ့လမ်းကတဆင့် စစ်တပ်က စစ်လက်နက်ပစ္စည်းတွေကို ကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေကသတိပေးကြပါတယ်။

ရန်ကုန်တိုင်းကနေဧရာဝတီတိုင်းထဲက မြို့နယ်တွေကို ခရီးသည်တင်ကား၊ကုန်တင်ကားနဲ့ အိမ်စီးကားအပါအဝင်ကားအစီးရေ ထောင်ချီပြီး နေ့စဉ် ဖြတ်သန်းနေပါတယ်။အဲဒီကားတွေကို စစ်တပ်ကစစ်ဆေးနေပြီး ငွေကြေးတောင်းခံနေတာတွေလည်းရှိနေပါတယ်။

ဧရာဝတီတိုင်းအတွင်းရခိုင်ပြည်နယ်နဲ့ထိစပ်မြို့နယ်တွေဖြစ်တဲ့ လေးမျက်နှာ၊ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲမှာပြီးခဲ့တဲ့အောက်တိုဘာလလယ်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အဲဒီမြို့နယ်တွေကို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ် -ဟင်္သာတလမ်းကနေလည်း စစ်တပ်က အင်အားတွေ ပို့နေတယ်လို့ သတင်းရရှိပါတယ်။ပုသိမ်-မုံရွာလမ်းလမ်းပိုင်းကိုအသုံးပြုပြီး စစ်ကောင်စီကအင်အားတွေဖြည့် နေလို့ ဒေသခံပြည်သူတွေလုံခြုံရေးသတိပြုနေထိုင်ကြဖို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ပုသိမ်လေတပ်ကိုအသုံးပြုပြီး လေကြောင်းကနေအင်အားဖြည့်နေသလို ငဝန်မြစ်ကြောင်းကိုအသုံးပြုပြီး သင်္ဘောတွေနဲ့ ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်တွေဘက်ကို အင်အားတွေပို့ဆောင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။