Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူမြို့နယ်သုံးခုကို စစ်တပ်ဗုံးကြဲ ပြည်သူ၁၀ဦး ထက်မနည်းသေဆုံး ၊အများအပြားဒဏ်ရာရ

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

(စစ်တပ်က ဒီက​နေ့ ဗုံးကြဲခဲ့လို့ ပြည်သူ ၇ ဦး​သေဆုံးပြီး ၃ ဦးထက်မနည်းဒဏ်ရာရခဲ့တဲ့ ယိုးချောင်းတံတားမြင်ကွင်း။ ဓါတ်ပုံ - Wai Hun Aung )

နိုဝင်ဘာ-၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ ၊ညနေ ၅ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။ “မြောက်ဦးကို ကြဲပြီးတော့ ကျောက်တော်ကိုဆက်တိုက်သွားကြဲတာ။ကျောက်တော်ယိုးချောင်းတံတားမှာကျတယ်။လူအသေအပျောက်လည်းရှိတယ်လို့သိရပါတယ်” လို့ ကျောက်တော်ဒေသခံတဦးကပြောပါတယ်။

အဲဒီဗုံးကြဲမှုကြောင့် ယိုးချောင်းတံတား ကျိုးပျက်သွားခဲ့ပြီး တံတားပေါ်သွားနေသူ ၇ ဦး​သေသုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

‌ဒါ့အပြင် မြောက်ဦးမြို့ပေါ်မှာလည်း သေဆုံးသူ ၂ ဦးထက်မနည်းရှိတယ်လို့ မြို့ခံ‌တဦးက ပြောပါတယ်။

“သေဆုံးဒဏ်ရာတာတွေတိုးအုံးမယ်၊ လောလောဆယ် နှစ်ယောက်အတည်ပြုလို့ရတယ်။ လေးယောက်ရှိပြီလို့လည်း သိရတယ်” လို့ သူကဆိုပါတယ်။

လက်ရှိမှာလည်း မြောက်ဦး မြို့အနီးဝန်းကျင်မှာစစ်တပ်ဗုံးကြဲလေယာဉ်တွေနဲ့ကင်းထောက်လေယာဉ်တွေ ဝဲနေသေးတယ်လို့ မြို့ခံတွေကပြောပါတယ်။

“အခုထိဝဲနေသေးတယ်။သတိထားကြဖို့လိုတယ်။ ဗုံးကြဲလို့ အပျက်အစီးတွေတော့ သွားမကြည့်ရသေးဘူး။ အထိ အခိုက်ရှိမယ်”လို့ မြောက်ဦးမြို့ခံအမျိုးသမီးတဦးက ဒီနေ့ ညနေ ၇ နာရီဝန်းကျင်မှာ ပြောပါတယ်။

စစ်တပ်ဟာ နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းကလည်း ကျောက်ဖြူမြို့နယ် စနဲမြို့နဲ့ ချင်းမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီနေ့ မနက်အစောပိုင်း ၄ နာရီဝန်းကျင်မှာလည်း ပေါက်တောမြို့ပေါ်နဲ့ ပေါက်တောမြို့နယ်ရွာချောင်းကြီးရွာတို့ကို ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးအမျိုးသား ၁ ဦး သေဆုံးပြီး စစ်ဘေးရှောင်ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ​ကြောင့်စစ်တပ်က နိုဝင်ဘာ ၁ ရက်​နေ့မှာတင် မြောက်ဦး၊ ကျောက်တော်၊ ကျောက်ဖြူမြို့နယ် ​တွေကိုဗုံးကြဲခဲ့တာ​ကြောင့် ၁၀ ဦးထက်မနည်း​သေဆုံးပြီး အများအပြား​သေဆုံးခဲ့ပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်း က တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဟာ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့ပေမယ့် ကမ်းပေါ်က စစ်တပ်ခြေကုတ်နေရာအားလုံးကို အာရက္ခတပ် တော် (AA)က အပြီးပြတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက တပ်စခန်း ၂ ခုထက်မနည်းတို့ကို သိမ်းပိုက်ထားပါတယ်။ဒါ့အပြင် စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သင်္ဘော ၅ စီးထက်မနည်းဟာလည်း AA ရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့ရပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၁ ရက်နေ့ထိ နှစ်လနီးပါးအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၀၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၈၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ကျွန်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်က အရာရှိ အပါအဝင် သေဆုံးထိခိုက်သူ ၁၀ ဦးရှိပြီးတော်လှန်ရေးရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။