နိုဝင်ဘာ ၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကနေ လာတဲ့ ဂျိုင်ရိုကော်ပတာ (၄) စီးဟာ မြင်းမူမြို့နယ်အတွင်းက ညောင်ပင်ကန်၊ ရုံးကားနဲ့ လှေဦးကန် ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေအနီးကို လေကြောင်းကနေ ဗုံးချတိုက်ခိုက်သွားခဲ့ကြောင်း မြင်းမူမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရုံးကားကျေးရွာ စာသင်ကျောင်းပျက်စီးပြီး အသက်(၈၀)ကျော် ပြည်သူတစ်ဦး သေဆုံးကာ ၊ လှေဦးကန်ကျေးရွာမှ ပြည်သူတစ်ဦး သေဆုံးပါတယ်ဗျ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အောက်တိုဘာ ၃၁ ရက် ညနေ ၅ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ကျေးရွာကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ပါရာမော်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင် လေးဦး ဒဏ်ရာရတဲ့အနက် တစ်ဦးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။




















































