နိုဝင်ဘာလ – ၄ ၊၂၀၂၆
မြန်မာနိုင်ငံအလယ်ပိုင်း ၊ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်တပ်က မနေ့( နိုဝင်ဘာလ ၃ ရက်) မှာဗုံးကြဲတိုက်ခိုက်လို့ အရပ်သားခုနှစ် ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်မြို့နယ်လူသားစာနာအဖွဲ့က ထုတ်ပြန်ထားပါတယ်။
မနေ့က နေ့ခင်း ၂ နာရီလောက်မှာ ပေါက်မြို့နယ် တောင်ပိုင်း ကျောက်ခွက်ရွာ၊အိုင့်ကျယ်ရွာ၊လယ်လန်းရွာတွေကို ပုဂံညောင်ဦး လေဆိပ်ကတက်လာတဲ့ စက်တက်လေထီး သုံးစီးနဲ့ ဗုံးကြဲတာလို့ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းကျောက်ခွက်ရွာက အမျိုးသားလေးဦးနဲ့ အမျိုးသမီး နှစ်ဦး၊လယ်လန်ရွာက အသက် ၉၀ အရွယ် မျက်မမြင်အဘွားအို တစ်ဦး အသက်ဆုံးပါးခဲ့ရတာပါ ။

Public Service Announcement
ဒဏ်ရာရသူလည်း၁၅ ဦးထိရှိခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် ရွာခံပြည်သူတွေရဲ့ နေအိမ်တွေလည်းမီးလောင်ပြာကျသွားတာလို့ ဓာတ်ပုံမှတ်တမ်းတွေအရတွေ့ရပါတယ်။
စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ပေါက်မြို့နယ် တောင်ပိုင်းရှိ ဝန်ခြုံးရွာ၊ ကျောက်ခွက်ရွာ ၊အိုင့်ကျယ်ရွာ ၊သီးချောက်ရွာ ၊သရဖီရွာ ၊လယ်လန်းရွာတို့က ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရတယ်လိုသိရပါတယ်။




















































