Connect with us

Hi, what are you looking for?

သတင်း

CI မလုပ်ရေးကမ်ပိန်း ၃ရက်အတွင်း ထိုင်းရောက်မြန်မာလုပ်သား ၁.၂ သန်းကျော် ပါဝင်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေး​နေတဲ့ CI မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပူးပေါင်းပါဝင်နေရာ အွန်လိုင်းကမ်ပိန်းမှာ ပါဝင်သူ မြန်မာလုပ်သား ၁.၂ သန်းကျော် အထိရှိနေပြီလို့ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)က သတင်းထုတ်ပြန်ပါတယ်။

(CI မလုပ်​ရေးအပါအဝင် အချက်​လေးချက်ကို ထိုင်း​ရောက်မြန်မာအလုပ်သမား​တွေ​တောင်းဆိုကြစဥ်။ဓါတ်ပုံ-MMWRCCT)

နိုဝင်ဘာ ၄၊ ၂၀၂၆။နေ့သစ်/People’s Spring

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေး​နေတဲ့ CI မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပူးပေါင်းပါဝင်နေရာ အွန်လိုင်းကမ်ပိန်းမှာ ပါဝင်သူ မြန်မာလုပ်သား ၁.၂ သန်းကျော် အထိရှိနေပြီလို့ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)က သတင်းထုတ်ပြန်ပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့ တောင်းဆိုလှုပ်ရှားမှုစတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းရောက်မြန်မာလုပ်သားတွေ ပူးပေါင်းပါဝင်နိုင်ဖို့ လူမှုကွန်ရက်တွေကနေ ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုစတင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် အွန်လိုင်ကနေ လက်မှတ်

Public Service Announcement

Public Service Announcement

ထိုးပါဝင်တဲ့ လှုပ်ရှားမှုကို ပြီးခဲ့တဲ့ နိုတင်ဘာ ၁ရက်က စတင်ပြုလုပ်ရာ နိုဝင်ဘာ ၃ရက်နေ့အထိ ၃ရက်အတွင်း မြန်မာလုပ်သား ၁.၂ သန်း ကျော် ပူးပေါင်းပါဝင်ထားတယ်လို့ MMWRCCT က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

” ပထမတော့ အွန်လိုင်းကနေ ဓာတ်ပုံတွေနဲ့ လှုပ်ရှားမှုလုပ်တာပေါ့။ ဒုတိယအနေနဲ့ အွန်လိုင်းလင့်ကနေ လက်မှတ်ထိုးပါဝင်တဲ့ လှုပ်ရှားမှုလုပ်တာပါ။ ၁သန်းကျော်အထိ ပါဝင်လာနေပါတယ်။ နိုဝင်ဘာ ၈ရက်နေ့အထိ လုပ်ပါမယ်။ ထိုင်ရောက်မြန်မာလုပ်သား ၃သန်းအထိ ပါဝင်လာမယ်လို့ မျှော်မှန်းထားပါတယ်”လို့ MMWRCCT ကော်မတီက ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်သူ ကိုရဲမင်းက ပြောပါတယ်။

အွန်လိုင်းကနေ စစ်တမ်းကောက်ယူမှုကို နိုဝင်ဘာ ၈ရက်ည ၁၂နာရီအထိ ပြုလုပ်မှာဖြစ်လို့ လုပ်သားထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ MMWRCCT က တိုက်တွန်းထားပါတယ်။ ဒါအပြင် ကောက်ယူထားတဲ့ စစ်တမ်းတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း ထံပေးပို့သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

” အလုပ်သမားတွေ ဆက်တိုက်ပါဝင်နေပါတယ်။ အားလုံးစည်းလုံးရင် အောင်မြင်မယ်လို့ ယုံကြည်နေတယ်။ ဒါဟာ ကိုယ့်အတွက်ပဲဖြစ်လို့ အားလုံးပါဝင်မှလည်းရမယ်”လို့ CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောပါတယ်။

CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်ဘတ်ကတ်နဲ့ Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

CIထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲမြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်

ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်ကောင်စီက ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ခရိုင်မြို့တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်

တိုဘာ ၁၄ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီ CI စခန်း​တွေကို ကြီးကြပ်ဖို့အတွက်စစ်အုပ်စုက အရာရှိ ၃၁ ဦးကို ​အောက်တိုဘာ လဆန်းပိုင်းမှာကတည်းက​စေလွှတ်ခဲ့ပါတယ်။ CI လျှောက်ထားလိုတဲ့သူတွေအ​နေနဲ့ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်

၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကို ရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

ဒါ​ပေမယ့် CI လုပ်မယ်ဆိုရင် စာအုပ်ဖိုးနဲ့တင်မပြီး​သေးပါဘူး။CI လုပ်မယ်ဆိုရင် လုပ်သား​တွေအ​နေနဲ့ မိသားစုထံလွှဲပို့ငွေ အထောက်

အထားပြရဦးမှာ ဖြစ်ပါတယ်။ ထိုင်းမှာ အခြေခံလုပ်ခလစာကို တစ်လ ထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့ အတွက် တစ်လလွှဲပို့ငွေပမာဏ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂၆၀၀ ရှိရှိပါတယ်။ ၃လစာဆို​တော့ အကြမ်းဖျင်း ဘတ် ၇၈၀၀နဲ့ညီမျှတဲ့ ကျပ်၁၀သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမယ့်သ​ဘောဖြစ်ပါတယ် ။ ဒါအပြင် ဘတ်ကတ်လုပ်ထားသူ​တွေဟာ စစ်​ကောင်စီကိုအခွန် ၂ ရာခိုင်နှုန်း​ပေးရမှာပါ။အကြမ်းဖျင်း တစ်လ ဘတ် ၁၅၀ ​ပေးရမှာဖြစ်လို့ ဘတ်ကတ်သတ်တမ်းအလိုက်​ဆောင်ရမှာ ဖြစ်ပါတယ်။

CI စာအုပ်ဖိုးရယ် ၊ ပြန်လွှဲပို့​ငွေ အ​ထောက်အထားရယ် ၊ ၂ ရာခိုင်နှုန်းရယ်၊ လမ်းစာရိတ် ရယ်၊ပွဲစားကတဆင့်လုပ်မယ်ဆိုရင် ပွဲစားစာရိတ် စတာ​တွေ​ကြောင့် လုပ်သားတဦး အနည်းဆုံး ဘတ်တစ်​သောင်း​ကျော်က​နေ နှစ်​​သောင်း​လောက်အထိကုန်မယ့်အစီအစဥ်ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်း စစ်ပွဲ​တွေမရပ်မနားတိုက်​နေပြီး ​နေ့စဥ် ဗုံးပါတ်ကြဲ​နေကာ ၊ တိုင်းပြည်စီးပွားပျက်​နေသလို ၊ပြည်ပ​ချေး​ငွေ-ကုန်သွယ်​ရေး-ပြည်ပရင်းနှီးမြှပ်နှံမှု​တွေ ​လျော့နည်း​နေလို့ နိုင်ငံခြား​ငွေ အငမ်းမရ လို​နေတဲ့ အာဏာသိမ်းစစ်တပ် အတွက် အစီအစဥ်အတိုင်းဖြစ်လာရင် ဘတ်​ငွေ ဘီလီယံချီရမယ့် ​ငွေရ​ပေါက်ကြီးလည်းဖြစ်​နေပါတယ်။

ထိုင်းမှာ မြန်မာလုပ်သားသန်းနဲ့ချီရှိပြီးရှိပါတယ် ။ ဒါ​ပေမယ့် အခု CI စာအုပ် လုပ်ရမယ့် အလုပ်သမားတွေဟာ လူအဟောင်းတွေမဟုတ်ဘဲ ဘတ်အသစ်ပြုလုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာလုပ်သားဦးရေ ၇ သိန်းကျော် ရှိတယ်လို့စုံစမ်းသိရပါတယ်။

CI စာအုပ်ထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ မဆိုင်ဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်ဖိုးအပါအဝင် အခွန်​ငွေ​တွေကို အာဏာသိမ်းစစ်တပ်သာ ရရှိမှာဖြစ်ပါတယ်။ ပန်းရောင်ကတ် လူသစ်စာရင်းတင်ထားတဲ့သူ မြန်မာလုပ်သား ၇ သိန်းခန့်ရှိပြီး အဲဒီသူတွေဟာ လက်တလော CI လုပ်ရေး၊မလုပ်ရေးနဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးသစ်ဖြစ်လာတဲ့ မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့ငွေပိုရအောင်လုပ်မယ်သူ့ရဲ့လွန်မှုကွန်ယက်မှာ ယုံကြည်မှုအပြည့်နဲ့ ပြောပြီး CI လုပ်ငန်းစဥ်ကို တက်တက်ကြွကြွနဲ့စတင်ခဲ့တာဖြစ်ပါတယ်။မင်းကင်း​မောင်မြင့်က စစ်အုပ်စုအတွက် နိုင်ငံခြား​ငွေ ရှာပြပြီး အာဏာသိမ်း​ခေါင်း​ဆောင်ကို မျက်နှာလို မျက်နှာရ​အောင်လုပ်ရပ်လို့ လုပ်သားအ​ရေး​ဆောင်ရွက်သူ​တွေက သုံးသပ်ကြပါတယ်။

စခန်းတွေပြန်လည်ဖွင့်လှစ်ပြီး ၅ ရက်အတွင်း CI လာရောက်လုပ်ကိုင်သူ ၁၅၀၀ ဝန်းကျင်သာရှိကြောင်း စစ်တပ်ခန့် အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က လူမှုကွန်ရက်မှတစ်ဆင့် ဝန်ခံပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါ​ပေမယ့် မင်းကင်း​မောင်မြင့်က ထိုင်းနိုင်ငံကို​ရောက်​နေတဲ့ နိုင်ငံ​ရေးသမားအချို့က CI မလုပ်ဖို့ လှုံ့​ဆော်​နေကြတာလို့ တစ်​တော့က​နေ​ပြောပြီး စွပ်စွဲပါတယ် ။CI မလုပ်ဘဲ ဘတ်ကတ်တစ်ခုတည်းနဲ့ဆိုရင် အ​ထောက်အထားမခိုင်မာလို့ ထိုင်းလဝက ရဲ့ဖမ်းဆီးတာခံရနိုင်တယ်၊ တခြား​နေရာ​တွေ ခရီးသွားလို့မရဘူးလို့လည်းသူကအချက်အလက်မှား​တွေ​ပြောပြီး ခြိမ်း​ခြောက်ထားပါ​သေးတယ် ။

စစ်အုပ်စုက မြန်မာနိုင်ငံသား​တွေ အဆင်​ပြေ​အောင် ​စေတနာနဲ့ CI ကတ်ထုတ်​ပေးတာလို့လည်းသူကဆိုပါတယ်။

အမှန်က ထိုင်းနိုင်ငံအတွင်း ခရီးသွားလာရင် CI လုပ်စရာမလိုဘဲ သက်ဆိုင်ရာမြို့နယ်ရုံးတွေရဲ့ ထောက်ခံချက်နဲ့ သွားလာနိုင်သလို ၊CI မရှိရင်ဖမ်းဆီးခံရမယ်ဆိုတာလည်းမဟုတ်ဘူး လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်သူ ကိုမင်းဦးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ​ရောက်မြန်မာအလုပ်သမား​တွေရဲ့ကွန်ယက်ဖြစ်တဲ့ Bright Future

မှ ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံ​ ​အောက်တိုဘာလဆန်းမှာသွားရောက်တောင်းဆိုပြီး ဘန်ကောက်မြို့က UN ရုံးရှေ့မှာလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook