Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်တိုက်ပွဲနဲ့ ကျည်ကျတဲ့ကိစ္စထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်က​နေ စစ်​​ကောင်စီဆီဖုန်းဆက်

နယ်စပ်နားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာဖက်ကို ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။

နိုဝင်ဘာ-၄၊၂၀၂၆။People’s Spring

နယ်စပ်နားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက မြန်မာဖက်ကို ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။

ထိုင်းအစိုးရဒုတိယဝန်ကြီးချုပ် တစ်ဦးလည်းဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် ဖုန်ကက်ကောင်ဟာ နိုဝင်ဘာ ၃ ရက်နေ့တုန်းက အာဏာသိမ်း မြန်မာစစ်တပ် ခန့်အပ်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီး တင်မောင်ဆွေနဲ့ ၁၀ မိနစ်ကြာ ဖုန်းဆက် စကားပြောခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဆီဟာဆက်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး (MLC) ညီလာခံ တက်ရောက်နေရင်း တင်မောင်ဆွေဆီ ဖုန်းခေါ်ခဲ့တာလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးကထိုင်းနဲ့ နယ်စပ်နားမှာမြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ၊ အထူးသဖြင့် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရရဲ့ စိုးရိမ်မှုတွေကို တင်မောင်ဆွေဆီ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆီဟာဆက်က မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေဟာ ထိုင်းပိုင်နက်ကို ထိခိုက်တာမျိုး မဖြစ်သင့်ကြောင်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း နယ်စပ်နဲ့ ဝေးဝေးမှာ လုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်အရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး (အာဆီယံ)မှာမြန်မာပြန်လည်ဝင်ဆံ့လာအောင်ထိုင်းဖက်ကကြိုးစားပေးနေပေမယ့် အာဏာသိမ်း စစ်တပ် ကိုယ်တိုင်ကလည်း အာဆီယံရဲ့လိုလားချက်တွေကို ထိထိရောက်ရောက်တုံံ့ပြန်ဖြည့်ဆည်းပေးဖို့လိုကြောင်း ဆီဟာဆက်က သတိပေးသွားပါတယ်။

ပြီးတော့ သူက အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် ရက်ပိုင်းအလို နိုဝင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ့် အကြောင်းလည်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။အဲဒီ ခရီးစဉ်အတွင်းဆီဟာဆက်ဟာ နယ်စပ်က တိုက်ပွဲတွေ ပိုပြီး အရှိန်တက်မလာဖို့၊ထိုင်းပြည်သူတွေအပေါ် ထိခိုက်သက်ရောက်မလာစေဖို့ ကိစ္စတွေကို ဆွေးနွေးဖွယ် ရှိပါတယ်။

တင်မောင်ဆွေကလည်း ထိုင်းအစိုးရရဲ့ စိတ်ပူမှုတွေကို မြန်မာဖက်ကသဘောပေါက်တယ်လို့ ​ပြောခဲ့ပြီး အထက်ကို အမြန်ဆုံး တင်ပြပါ့မယ်လို့ ကတိပေးခဲ့ကြောင်း ဆီဟာဆက်က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

Facebook