Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်အေးခေတ် အတွေးအခေါ်မျိုးကို စွန့်ပယ်သင့်ပြီလို့ ထရမ့်၊ ပူတင်တို့နဲ့ တွေ့ဆုံချိန်မှာ ရှီကျင့်ဖျင်ပြောကြား

ကမ္ဘာ့ထိပ်သီး သုံးနိုင်ငံရဲ့ ခေါင်းဆောင်တွေ တံခါးပိတ် ဆွေးနွေးကြရာမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က ရုရှား၊ တရုတ်၊ အမေရိကန် သုံးနိုင်ငံစလုံးဟာ စစ်အေးခေတ်ကလို စိတ်နေသဘောထားတွေကို စွန့်ခွာသင့်နေပြီလို့ တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ကမ္ဘာ့ထိပ်သီး သုံးနိုင်ငံရဲ့ ခေါင်းဆောင်တွေ တံခါးပိတ် ဆွေးနွေးကြရာမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က ရုရှား၊ တရုတ်၊ အမေရိကန် သုံးနိုင်ငံစလုံးဟာ စစ်အေးခေတ်ကလို စိတ်နေသဘောထားတွေကို စွန့်ခွာသင့်နေပြီလို့ တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ သုံးနိုင်ငံ သမ္မတတွေဟာ ပထမဆုံးအကြိမ်အဖြစ် မျက်နှာစုံညီ တွေ့ဆုံပြီး အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။ ရှီအပြင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ပါ အတူတွေ့ဆုံ ဆွေးနွေးတယ် ဆိုတာက သမိုင်းဝင် အခိုက်အတန့် တစ်ခုလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အစည်းအဝေး မစခင်မှာ ပြောကြားခဲ့ပါတယ်။

ပူတင်၊ ထရမ့်တို့နဲ့ တွေ့ဆုံချိန်မှာတော့ ရှီက နိုင်ငံကြီး သုံးခုဟာ ပြိုင်ဘက်တွေထက် မိတ်ဖက်တွေ ဖြစ်သင့်ကြောင်း၊ အင်အားကြီး နိုင်ငံတွေဟာ အပြန်အလှန် လေးစားပြီး လိုက်လျောညီထွေ၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိသင့်ကြကြောင်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ရုရှား၊ အမေရိကန်နဲ့ တရုတ်တို့ဟာ စစ်အေးခေတ် သဘောထား မူဝါဒတွေကို ကျောခိုင်း စွန့်လွှတ်ပြီး ကမ္ဘာ့ စွမ်းအင်ဖူလုံရေး ကဏ္ဍ ပိုမိုခိုင်မာ အားကောင်းလာအောင် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်းလည်း ရှီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ အင်အားကြီး နိုင်ငံတွေ အနေနဲ့ အချင်းချင်း လုံးဝ အထိမခံနိုင်လောက်တဲ့ အခြေခံ စည်းတွေကို မကျော်ဖို့၊ ထိလွယ်ရှလွယ် ကိစ္စတွေကို ရှောင်ရှားဖို့ လိုအပ်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ ပိုင်နက်နယ်မြေ ထိန်းချုပ်မှုနဲ့ အကျိုးစီးပွားတွေကို အပြန်အလှန် လေးစားဖို့ လိုအပ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ပူတင်ကတော့ ရုရှား၊ အမေရိကန်၊ တရုတ်တို့သာ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမယ်ဆိုရင် ကမ္ဘာကြီးရဲ့ တည်ငြိမ်အေးချမ်းမှုကို ကူညီ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ထရမ့်ကတော့ သူ့ရဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ကို ကမ္ဘာလုံးဆိုင်ရာ ဆိုးသွမ်း အဖွဲ့အစည်းလို့ စွပ်စွဲ ဝေဖန်ခဲ့ပြီး ICCကို ဖိအားပေး ထိုးနှက်မယ့် အမေရိကန် အစိုးရရဲ့ အစီအမံတွေအတွက် ရှီနဲ့ ပူတင်ဆီက ထောက်ခံရပ်တည်မှုကို လိုလားကြောင်း ပြောပါတယ်။ အမေရိကန်၊ ရုရှားနဲ့ တရုတ် သုံးနိုင်ငံစလုံးဟာ ICC အဖွဲ့ဝင် နိုင်ငံတွေ မဟုတ်ပါဘူး။

နိုဝင်ဘာ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၄း၃၀ နာရီအထိ အခြေအနေမှာတော့ ခေါင်းဆောင်သုံးဦးဟာ တံခါးပိတ် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ