Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ ဟာဆီနာ ထောက်ခံသူတွေ ဆက်ပြီး ဆန္ဒပြ၊ ယူနွတ်စ်ရဲ့ နေအိမ်လည်း မီးတင်ရှို့ခံရ

ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ထောက်ခံသူတွေ ဆန္ဒပြ သောင်းကျန်းမှုတွေ ဆက်လက် ဖြစ်ပေါ်နေပြီး ယာယီအစိုးရ အဖွဲ့ခေါင်းဆောင်ဟောင်း မူဟာမက် ယူနွတ်စ်ရဲ့ နေအိမ်လည်း မီးတင်ရှို့ ခံခဲ့ရပါတယ်။

ဓာတ်ပုံ - Getty

ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ထောက်ခံသူတွေ ဆန္ဒပြ သောင်းကျန်းမှုတွေ ဆက်လက် ဖြစ်ပေါ်နေပြီး ယာယီအစိုးရ အဖွဲ့ခေါင်းဆောင်ဟောင်း မူဟာမက် ယူနွတ်စ်ရဲ့ နေအိမ်လည်း မီးတင်ရှို့ ခံခဲ့ရပါတယ်။

ဟာဆီနာရဲ့ နိုင်ငံရေး ပါတီဖြစ်တဲ့ အေဝါမီ အဖွဲ့ချုပ်က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ တစ်နိုင်ငံလုံး အုံကြွ ပါဝင်ကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယမှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဟာဆီနာက ပြည်တွင်းကို ပြန်လာနိုင်ဖို့ ပတ်စ်ပို့တ်အသစ် လျှောက်ထားခဲ့တာကို လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရက ပယ်ချခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ဆန္ဒပြပွဲတွေ စတင်လာခဲ့တာပါ။

ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်မှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတုန်းက ရာထူးကနေ နုတ်ထွက်ပြီး အိန္ဒိယကို ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။ သူဟာ ဆန္ဒပြ ကျောင်းသားတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြောင်း စွပ်စွဲခံရမှုကြောင့် မျက်ကွယ်မှာ ဘင်္ဂလားဒေ့ရှ် ခုံရုံးတစ်ခုရဲ့ သေဒဏ် ချမှတ်ခြင်းကို ခံထားရပါတယ်။

ဟာဆီနာကတော့ သူ့ကို သေဒဏ်ချထားတဲ့တိုင် နှစ်ကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာမယ်လို့ အခိုင်အမာ ပြောဆိုထားသလို ပတ်စ်ပို့တ် ရရှိဖို့ လျှောက်ထားခဲ့ပေမယ့် လက်ရှိ အစိုးရက ပယ်ချခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့တွေဟာ နယ်ခြားစောင့် တပ်တွေကိုပါ အားဖြည့် ခေါ်ယူပြီး ဟာဆီနာကို ထောက်ခံမှု အားကောင်းတဲ့ ဒေသကြီး ၇ ခုမှာ အင်အားဖြန့်ကျက်ထားပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ ညပိုင်းမှာတော့ ဒါကာမြို့တော် အရှေ့တောင်ဖက် ကီလိုမီတာ ၃၀၀ လောက် အကွာ၊ ချက်တိုဂရမ်မှာ ရှိနေတဲ့ ယူနွတ်စ်ရဲ့ နေအိမ် မီးရှို့ခံခဲ့ရကြောင်း ရဲတွေက ပြောပါတယ်။ ယူနွတ်စ်ဟာ ဟာဆီနာ အစိုးရ ပြုတ်ကျသွားပြီး လက်ရှိ အစိုးရ တက်မလာခင် ကြားကာလမှာ ဘင်္ဂလားဒေ့ရှ်ကို တာဝန်ယူခဲ့တဲ့ ယာယီ အစိုးရခေါင်းဆောင် ဖြစ်ပါတယ်။

ဟာဆီနာ ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေ စတင်လာတဲ့ ၁၀ ရက်လောက်အတွင်း ဒေသပေါင်း ၂၈ ခုလောက်မှာ လက်လုပ်မိုင်း ပေါက်ကွဲမှုတွေ၊ မော်တော်ယာဉ်တွေ မီးရှို့ခံရတာတွေ ဖြစ်စဉ်ပေါင်း ဒါဇင်နဲ့ချီ ကြုံတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆလာဟူဒင် အာမက်က အေဝါမီလိဂ် ပါတီရဲ့ ခေါင်းဆောင်တွေဟာ ပြည်တွင်းရေး မငြိမ်သက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်နေကြောင်း စွပ်စွဲခဲ့ပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။ အေဝါမီလိဂ်ဟာ နိုင်ငံရေးပါတီ အဖြစ်ကနေ ဖျက်သိမ်း ခံထားရသလို လောလောဆယ်မှာတော့ ခေါင်းဆောင် အများစုဟာ ပုန်းအောင်း တိမ်းရှောင်နေကြရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ