Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမှာ စစ်​ကြောင်းထိုးပြီးအိမ်တွေမီးရှို့နေတဲ့ စစ်​တပ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီးနေအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်ကို ​တော်လှန်ရေးတပ်​တွေက တိုက်ခိုက်ခဲ့တာကြောင့် အရာရှိ ၁ ဦးအပါအဝင်စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

(ပဲခူးတိုင်းအတွင်းက PDF တပ်ဖွဲ့ဝင်​တွေစစ်​ရေး​လေ့ကျင့်​နေကြစဥ်။ ဓာတ်ပုံ-ပဲခူးတိုင်း အမှတ် ၂ စစ်​ကြောင်း)

နိုဝင်ဘာ-၂၂၊၂၀၂၆။ဒလပန်း/People’s Spring

ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီးနေအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်ကို ​တော်လှန်ရေးတပ်​တွေက တိုက်ခိုက်ခဲ့တာကြောင့် အရာရှိ ၁ ဦးအပါအဝင်စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

နိုဝင်ဘာ၂၀ ရက်၊မနက်ပိုင်းမှာရှာစေးဖို့ရွာကနေထွက်လာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဘန့်ဘွေးကုန်းရွာထဲကိုဝင်လာချိန်မှာတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

“ဘန့်ဘွေးကုန်းရွာထဲကို စစ်တပ်ဘက်ကဝင်လာတာကို တော်လှန်ရေးအဖွဲ့က ကင်းပုန်းနဲ့ ပစ်တာပါ။ လယ်မအင်းမှာအထိုင်ချနေတဲ့ ဗိုလ်အာကာအပါအဝင် ၆ယောက်သေပြီး ၁၁ ယောက်ဒဏ်ရာရပါတယ် “ လို့ဒေသခံတစ်ဦးကပြောပါတယ်။ စစ်တပ်ဘက်က​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါဘူး။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် စစ်တပ်စစ်​ကြောင်းဟာ အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ ဒရုန်းတွေနဲ့ဗုံးကြဲတာတွေလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက်​နေ့ကလည်း ရှားစေးဖို့ ရွာက စစ်​ကြောင်းက ကျောက်ခွက်ရွာနဲ့ အနီးအနားဝန်းကျင်ကို လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ဘန့်ဘွေးကုန်းကျေးရွာထဲမှာတပ်စွဲထားပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျောက်ခွက်ရွာနဲ့ ဘန့်ဘွေကုန်းကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

အဲ့ဒီစစ်​ကြောင်းဟာနတ်တလင်းမြို့နယ်ထဲမှာ ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်၊ဒရုန်းတွေနဲ့ဗုံးကြဲတာ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေဆက်တိုက်လုပ်ခဲ့တဲ့ စစ်​ကြောင်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook