Connect with us

Hi, what are you looking for?

သတင်း

မွန်ပြည်နယ်လဝကအရာရှိမူးယစ်ဆေးတွေနဲ့ ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိတစ်ဦးကို မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးခံထားရပါတယ်။

(နှစ် (၃၀)ပြည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနေ့ အထိမ်းအမှတ်မှာ တွေ့ရတဲ့ မွန်ပြည်နယ်က လဝက အရာရှိတချို့။ ဓာတ်ပုံ − စစ်ကောင်စီ)

နိုတင်ဘာ−၂၂၊၂၀၂၆။မိထက်/People’s Spring

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက အရာရှိတစ်ဦးကို မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးခံထားရပါတယ်။

မွန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက ဒုလဝကမှူး မိုးဆက်နိုင်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ရက်မှာ စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းမိတာလို့ မော်လမြိုင်မြို့ခံတွေက ပြောပါတယ်။

” သူ့အိမ်မှာ မိတာ။ သတင်းအတ်ိအကျပေးလို့ ရဲကဝင်ဖမ်းရတာ။ သုံးတာရော၊ ရောင်းတာရောလုပ်တယ်လို့ ကျနော်တို့ကြားတယ်။ သူ့ဆီမှာစိတ်ကြွဆေးပြားတွေရော ဆေးသုံးတဲ့ပစ္စည်းတွေပါမိတာ။ ဒါက စစ်တပ်အသိုင်းအဝိုင်းဆိုတဲ့လုပ်ရကိုင်ရလွယ်တယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိုးဆက်နိုင်ရဲ့ နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၇၅၈ ပြား၊ ဆေးသုံးစွဲရာမှာ သုံးတဲ့ပစ္စည်းတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာ အရာရှိတွေဝန်ထမ်းတွေဟာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်မှုတွေနဲ့ ပတ်သက်နေတဲ့ အထောက်အထားတွေ မကြာခဏထွက်ပေါ်နေပါတယ်။

အောက်တိုဘာ ၂၅ ရက်ကလည်း ရန်ကုန်၊တောင်ဥက္ကလာပမြို့နယ်က KTV တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းမိတဲ့အထဲမှာ အမျိုးသမီးတရားသူကြီး ၂ဦးနဲ့ စစ်တပ် ဗိုလ်မှူး ၁ဦး ပါဝင်ခဲ့ပါတယ်။

အောက်တိုဘာ ၃၁ ရက်ကလည်း တနင်္သာရီတိုင်းကနေ ဧရာဝတီတိုင်းကို ရေကြောင်းကနေပို့တဲ့ မူးယစ်ဆေးတွေနဲ့ သစ်တင်သင်္ဘာကို ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့နဲ့ စစ်တပ်က သက်သေဖျောက်လိုက်တယ်လို့ ဒေသခံသတင်းမြစ်တွေကပြောပါတယ်။

မူးယစ်ဆေးနဲ့ကျားဖြန့် ငွေလိမ်လုပ်ငန်းလို့ ရာဇဝတ်မှုတွေမှာ စစ်ကောင်စီပါဝင်ပတ်သက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကလည်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မကြာခဏစွပ်စွဲလေ့ရှိပါတယ်။ ဒါပေမယ့် စစ်ကြွဆေးပြားသန်းနဲ့ချီပြီးဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုအချို့မှာ စစ်ကောင်ရှိအရာရှိတွေ ပါဝင်ပတ်သက်နေတာကို သတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

Facebook