Connect with us

Hi, what are you looking for?

သတင်း

ပေါက်တောမြို့နယ်၊နန်းတက်ကျွန်းရွာကို စစ်တပ်ဗုံးကြဲ၊ ၄ ဦးသေပြီး ၉ ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်တိုက်ပွဲတွေအတွင်းအထိနာနေတဲ့စစ်တပ်ဟာ ပေါက်တောမြို့နယ်၊နန်းတက်ကျွန်းရွာကို ဗုံးကြဲ ခဲ့တာကြောင့် ငါးလသားအရွယ်ကလေးငယ်တဦးအပါအဝင် ၄ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးထက်မနည်းဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ဗုံးကြဲပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-One Nation News)

နိုဝင်ဘာ-၂၂၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်တိုက်ပွဲတွေအတွင်းအထိနာနေတဲ့စစ်တပ်ဟာ ပေါက်တောမြို့နယ်၊နန်းတက်ကျွန်းရွာကို ဗုံးကြဲ ခဲ့တာကြောင့် ငါးလသားအရွယ်ကလေးငယ်တဦးအပါအဝင် ၄ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးထက်မနည်းဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ၂၂ ရက်၊မနက် ၈ နာရီခွဲခန့်မှာ နန်းတက်ကျွန်းရွာဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲလူနေအိမ်တွေ ကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာလို့သိရပါတယ်။

“နန်းတက်ကျွန်းမှာလူတွေအများကြီးပဲ၊ တရွာလုံးဘယ်မှမသွားဘဲရွာမှာပဲနေကြတာ။ တော်တော်များတယ်ပြောတယ်။ဒဏ်ရာတွေလည်း ပြင်းလို့ ဆေးရုံပို့ထားရတာမနည်းဘူး။ ချတဲ့အလုံးလည်း တော်တော်ကြီးတယ်။ ပေါင် ငါးရာလားမသိဘူး” လို့ စစ်တပ်ဗုံးကြဲတာကို ကိုယ်တိုင်မြင်လိုက်ရတဲ့ ပေါက်တောဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲမှုကြောင့် ငါးလသားအရွယ်ကလေးငယ် မောင်ရန်နိုင်စိုး၊ ၁၆ နှစ်အရွယ် မသက်သက်ဝင်း၊ အသက် ၂၀ အ ရွယ် မောင်ကျော်မင်းဌေး နဲ့ ၄၃ နှစ်အရွယ် ဒေါ်နုချေတို့​သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ် ရာပြင်းထန်စိုးရိမ်ရသူတွေရှိနေတယ်လို့ ဆိုပါတယ်။

“ဗုံးကြဲလို့ဒဏ်ရာရရင်လည်းဆေးကုဖို့တခေါက်သွားရတာမလွယ်ဘူး။အနီးအနားမှာ ဆေးရုံ၊ ဆေးခန်းလည်းမရှိဘူး။ရှိတဲ့ဆေးရုံတွေ၊ ဆေးခန်းတွေလည်း ဗုံးကြဲထားလို့ ဘာမှမကျန်တော့ဘူး”လို့ ပေါက်တောမြို့မှ လူမှုကူညီရေးလုပ်နေသူတဦးကပြောပါတယ်။

စစ်တပ်က ဗုံးကြဲခဲ့တဲ့နန်းတက်ကျွန်းရွာဟာ ပေါက်တောမြို့ရဲ့တဖက်ကမ်းကျွဲကူးမြစ်ကမ်းဘေးမှာတည်ရှိပြီး ရေလုပ်ငန်းအဓိကလုပ်ကိုင်ကြတဲ့ကျေးရွာတခုဖြစ်ကာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ စစ်တွေ၊ ပေါက်တောမြို့နယ် ငပြီကျွန်းတို့နဲ့လည်းမိုင်တဆယ်ကျော်ကွာဝေးပါတယ်။

စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ ပေါက်တောမြို့နယ် နန်းတက်ကျွန်းရွာထဲကို ဗုံးကြဲသလို မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့ပေါ်နဲ့ အနီးဝန်းကျင်တွေကိုလည်း ကင်းထောက်လေယာဉ်၊ Y12 လေယာဉ်တို့နဲ့ အချိန်အတော် ကြာ ကင်းထောက်နေခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

“မြောက်ဦးမှာ ၉ နာရီခွဲလောက်က ကင်းထောက်တော်တော်ဝဲနေခဲ့တယ်။ အဲဒါကို ကြောက်နေရသေးတယ်ဘယ်ချိန်လာပြီး ကြဲအုံးမလဲမသိ ဘူး။မင်းအောင်လှိုင်တကောင်နဲ့ ကောင်းကောင်းမအိပ်၊ ကောင်းကောင်း မစားရ ဘူး”လို့ မြောက်ဦးမြို့မှာ​နေထိုင်တဲ့​ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာနိုဝင်ဘာ ၂၁ ရက် ညသန်းခေါင်ကျော်အချိန်ကလည်း ပေါက်တောမြို့နယ် သဝင် ချောင်းကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် ရွာခံအမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲ​တွေပြင်းထန်နေပြီး စစ်တပ်အထိနာနေကာ အခုရက်ပိုင်းမှာ သံတွဲ၊ ကျောက်တော်၊ မြောက်ဦးမြို့ပေါ်နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေကိုစစ်တပ်က ဆက်တိုက်ဗုံးကြဲနေ တာဖြစ်ပါတယ်။

စစ်တပ်ဟာ အခုရက်ပိုင်းမှာ အာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိ လာပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်း ကိုလက်တုံ့ပြန်သွားမယ်အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ တန်ပြန်စစ်ဆင်ရေး အရှိန်စမြှင့်တဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၂၂ ရက်နေ့ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ ရခိုင်ဒေသခံပြည်သူ ၁၅၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၈၆ ဦးထက်မနည်း ရှိ​နေခဲ့ပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ကတော့မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကိုအာရက္ခပြည်သူတွေလက်ထဲသို့မကြာခင်ပေးအပ်သွားမယ်လို့အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

Facebook