နိုဝင်ဘာ-၂၂၊၂၀၂၆။ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် နဲ့ စစ်ကိုင်းမြို့နယ်တို့က စစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ -LPDF အဖွဲ့လေးဖွဲ့ဟာ စစ်တပ်လက်အောက်မှာ ပျူစောထီး တွေပြန်လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
LPDFအဖွဲ့တွေဖြစ်တဲ့ ဆားတောင်မြို့နယ်ကဂျိမ်းစိုးအဖွဲ့၊ ဆားတောင်မိုးကြိုးလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ဝက်လက်မြို့နယ်က တံတားညီနောင်ပျံလွှားအဖွဲ့ ၊ မီးတောက်အဖွဲ့တို့ စစ်တပ်ရဲ့တပ်မ (၃၃) နဲ့ စက်တင်ဘာလမှာ ပူးပေါင်းခဲ့ကြပါတယ်။
စစ်တပ်ဘက်ကို ပြောင်းသွားတဲ့ (LPDF)လေးဖွဲ့ဟာ စုစုပေါင်းခန့်မှန်းအင်အား ၄၀ ခန့်ရှိပြီး လမ်းပေါ် တရားမဝင် ငွေတောင်းဂိတ် တွေအပါအဝင် ငွေကြေးပြသာနာတွေ ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ကအရေးယူဖို့လုပ်နေချိန် စစ်အုပ်စုနဲ့ ပူးပေါင်းသွားတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတွေကပြောပါတယ်။

Public Service Announcement
နိုဝင်ဘာလ၂၁ ရက်နေ့၊စစ်တပ်ရဲ့ ပြည်သူ့စစ်သင်တန်းမှာဂျိမ်းစိုးအဖွဲ့ ဝင်တွေပါနေပြီး ဒေသခံ ပြည်သူ့စစ်ဖွဲ့မယ်လို့ ကြေညာထားပါတယ်။
ဝက်လက်မြို့နယ်ကမီးတောက်အဖွဲ့ခေါင်းဆောင်ကလည်း ဇနီးဖြစ်သူနဲ့အတူ စစ်တပ်လက်အောက်ခံ စစ်ကိုင်း (လဝက)ရုံးမှာ နေထိုင်နေသလို သူ့တပ်ဖွဲ့ဝင်တွေကလည်း စစ်တပ်ဂိတ်တွေမှာလုံခြုံ ရေးယူနေတာ တွေရှိတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ရွှေဘိုမြို့ဝင်ဂိတ်၊စစ်ကိုင်းနှာပေါက်ဂိတ်၊တပ်မ(၃၃) အနီးကစစ်ကိုင်အထွက်ဂိတ်တွေမှာ စစ်တပ်နဲ့ပူးပေါင်းခဲ့သူအချို့ရှိနေတယ်လို့ သိရပါတယ်။
တံတားညီ နောင် ပျောက်ကြားတပ်ဖွဲ့က ပျံလွှားဆိုသူဦး ဆောင်ပြီး လက်ရှိတပ်မ(၃၃) ထဲမှာပဲရှိနေပြီး ပြည်သူ့စစ်(ပျူစောထီး)ပြန်လုပ် နေတယ်လို့ စုံစမ်းသိရပါတယ်။
“ဒီကောင်တွေကလမ်းပေါ်မှာတရားမဝင်တောင်းရမ်းတဲ့ကိစ္စတွေပဲ။အဲမှာတရားမဝင် ငွေကြေးကိစ္စတွေမှာ စုံခုံဖွဲ့စစ်ပြီး ပြန်ပေးခိုင်းတာ တွေဖြစ်တော့ မပေးနိုင်ပြီးစကစဆီပေါင်းသွားတာ။အထက်ရဲ့အမိန့်ကိုလည်းမနာခံ၊တော်လှန်ရေး သန္ဓေမမှန်ကြတာပေါ့”လို့ ဝက်လက်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်နဲ့ပူးပေါင်းသွားသူတွေက သူတို့လူထားပြီးသတင်းစုံစမ်းခိုင်းတာ၊ကျန်နေတဲ့ LPDF တပ်ဖွဲ့ဝင်နဲ့ပြည်သူ တွေ အပေါ်ခြိမ်း ခြောက်တာ တွေလုပ် နေတယ်ဆိုပါတယ်။
“တိုက်နယ်တွေပေါင်းပြီးအလုပ် လုပ်ဖူးတာ တွေရှိတယ်။သူတို့ပြန်စစ်ကြောင်းထိုးလာရင် တော့ နယ်မြေကျွမ်းကျင်သူတွေဖြစ်နေတာမို့အန္တရာယ် ကတော့ ဒါရှိနိုင်တာပေါ့။ဂျိမ်းစိုးက ပုဂ္ဂိုလ်ရေးကိစ္စတွေများတယ်။သူပသစထဲဝင်သွားလည်း ပုဂ္ဂိုလ်ရေး မကျေနပ်တဲ့သူ တွေကိုပဲ ပြန်လုပ်မယ်ထင်တယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

























































