Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းအန္တရာယ်နဲ့ နိုင်ငံရေးအသိပညာပေး ဟောပြောပွဲမြောင်မြို့နယ်မှာပြုလုပ်

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ သပိတ်အင်အားစုဝင်တွေဦးဆောင်ပြီးလေကြောင်းအန္တရာယ်ဘေးကင်းရေး၊လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းနဲ့ နိုင်ငံရေးဟောပြောပွဲတွေဒီကနေ့ (နိုဝင်ဘာ ၂၂)ကပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

နိုဝင်ဘာ-၂၂၊၂၀၂၆။သုည/Peoples Spring

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ သပိတ်အင်အားစုဝင်တွေဦးဆောင်ပြီးလေကြောင်းအန္တရာယ်ဘေးကင်းရေး၊လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းနဲ့ နိုင်ငံရေးဟောပြောပွဲတွေဒီကနေ့ (နိုဝင်ဘာ ၂၂)ကပြုလုပ်ခဲ့ပါတယ်။

ဟောပြောပွဲကို မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ စစ်ကိုင်းမြို့နယ်လူထုသပိတ်အင်အားစုတို့ ပူးပေါင်းပြုလုပ်ခဲ့တာပါ။

ယင်းလှုပ်ရှားမှုမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားလာပါက လိုက်နာဆောင်ရွက်ရမယ့် အရေးပေါ် အချက်အလက်တွေ၊ ဗုံးခိုကျင်း စနစ်တကျ တူးဖော်အသုံးပြုပုံနဲ့ ထိခိုက်ဒဏ်ရာရရှိမှုအနည်းဆုံးဖြစ်အောင်ကာကွယ်နေထိုင်နည်းတွေ ပြည်သူလူထုရဲ့အခန်းကဏ္ဍနဲ့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးဟောပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

Facebook