Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မှာတိုက်ပွဲပြင်းထန်​နေ ၊စစ်တပ်ကသပိတ်ကျင်းတတက(၁၃)ကိုစစ်ကူပို့

စစ်တပ်ကသပိတ်ကျင်းမြို့နယ်၊တွင်းငယ်၊တတက(၁၃)တပ်ကို ရဟတ်ယာဉ်၃စီးနဲ့စစ်ကူ ထပ်ပို့​နေပြီး မိုးမိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ် တွေကပြောပါတယ်။

(မိုးမိတ်မြို့နယ်အတွင်း ၂၀၂၆ နှစ်လယ်ပိုင်း ကတိုက်ပွဲဖြစ်ပွားစဥ်။ဓါတ်ပုံ-​ဒေသခံ)

နိုဝင်ဘာ-၂၂၊၂၀၂၆။ကတ်သရင်း/People’s Spring

စစ်တပ်ကသပိတ်ကျင်းမြို့နယ်၊တွင်းငယ်၊တတက(၁၃)တပ်ကို ရဟတ်ယာဉ်၃စီးနဲ့စစ်ကူ ထပ်ပို့​နေပြီး မိုးမိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ် တွေကပြောပါတယ်။

ကာ လေကြောင်းတိုက်ခိုက်မှု တွေလည်းဆက်တိုက်လုပ် နေတယ်လို့ သပိတ်ကျင်းမြို့နယ်၊တွင်းငယ်၊တတက-၁၃ ကို နိုဝင်ဘာလ၂၂ရက် နေ့၊နေ့လည် ၁၂နာရီမှာ ရဟတ်ယာဉ် ၃စီးနဲ့ စစ်ကူ​တွေထပ် ပို့တယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်ကနေ စစ်ကားဖောကားအကြီး ၅ စီးလည်းထွက်သွားပြီး နိုဝင်ဘာ ၂၂ ရက်နေ့လည်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်အတွင်းကို ရောက်နေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခွံတွေ တက်သွားတာ။ရဟတ်ယာဉ်နဲ့ ပို့ထားတဲ့ အင်အား တွေကို ဝင်ခေါ်ပြီး မိုးမိတ်ကိုပို့မယ်လို့ သိထားရတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက သပိတ်ကျင်း​ရောက်လာတဲ့စစ်သား​တွေဟာ စစ်တပ်ကမိုးမိတ်တိုက်ပွဲကိုစစ်ကူပို့မယ်လို့သိထားရ​ကြောင်းပြောပါတယ်။

မိုးမိတ်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က ဆုံးရှုံးထားတဲ့ စခန်းအချို့ဆီကို တန်ပြန်ထိုးစစ်ဆင်လာတာ ကြောင့် တိုက်ပွဲပြင်းထန်နေပါတယ် ။ KIAနဲ့ ပူးပေါင်းတပ်တွေသိမ်းယူထားတဲ့ နေရာ တွေကိုစစ်တပ်က လေကြောင်းက​နေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“တောက်‌‌လျှောက် တိုက်ပွဲပြင်း နေတယ်။မိုးမိတ်ဘက်က နေ စကစက ခလရ(၂၂၃)တပ် တွေပြန်ထိုးလာတာ။လေယာဉ်နဲ့ လက်နက်ကြီးလည်းဆက်တိုက်ပစ်နေတယ်”လို့တော်လှန်ရေး တပ်ဖွဲ့ ဝင်တဦးကလည်း ပြောပါတယ်။

ပေကုန်း၊သစ်ဆိမ့်ကုန်း၊ကင်းချောင်းနဲ့ လားဟူ ရွာတို့ကို စစ်တပ်ကလေကြောင်းတိုက်ခိုက် နေတာလို့ စုံစမ်းသိရပါတယ်။

နိုဝင်ဘာလ၁၉နဲ့၂၀ရက် တိုက်ပွဲတွေမှာKIAနဲ့ တော်လှန်ရေး ပူး ပေါင်းတပ် တွေက အရေးပါတဲ့ တပ်စခန်း နေရာ လေးခုကို သိမ်းယူခဲ့ပါတယ် ။နိုဝင်ဘာ ၂၂ ရက်​နေ့မှာ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook